Pages

Pages - Menu

Saturday, October 20, 2012

၈ မိနစ်အတွင်း ဒေါ်လာ ၂၄ ဘီလျံ Google ဆုံးရှုံးနစ်နာ

၈ မိနစ်အတွင်း ဒေါ်လာ ၂၄ ဘီလျံ Google ဆုံးရှုံးနစ်နာ

စတော့ဈေးကွက်တွင် Google၏ ဆိုးဆိုးရွားရွား ယိမ်းယိုင်ထိခိုက်သွားမှုကရင်းနှီးမြှုပ်နှံသူများကိုအလေးထား
 စိုးရိမ်စေသည့် အခြေအနေတစ်ခု ဖြစ်လာခဲ့သည်။ Googleသည် ၎င်းတို့၏ နှစ်စဉ်အမြတ်ငွေ ကျဆင်းမှုကို အချိန်စော ကြေညာလိုက်သည့်နောက် ရှယ်ယာဈေးများ ထိုးကျကုန်ကာ (၈)မိနစ်အတွင်း ဒေါ်လာ (၂၄)ဘီ
လျံ နစ်နာသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။
Google၏ ရှယ်ယာဈေးကွက် အခြေအနေကို စီးပွားရေး သုတေသီများက ပူဖောင်းတစ်လုံး ပေါက်ကွဲခြင်းဟု ညွှန်းဆိုထားပြီး ယခုအခါ Google ရှယ်ယာများကို ဝယ်ယူမြှုပ်နှံလိုသူများ တွန့်ဆုတ်ကုန်ကာ ဈေးကွက်အ
တွင်း Google၏ ရှယ်ယာအရောင်းအဝယ် လှုပ်ရှားမှုများပါ ရပ်တန့်ကုန်ကြောင်း သိရသည်။

စတော့ဈေးကွက် သမိုင်းတစ်လျှောက် Googleကြုံရသည့် ထိုးနှက်ချက်သည် အကြီးမား၊ အပြင်းထန်ဆုံး ဖြစ်
လာပြီး ဒေါ်လာ (၂၄)ဘီလျံဖိုး တန်ဖိုးထိုးဆင်းသွားခြင်း ဖြစ်သည်။ Googleက ယင်းဖြစ်စဉ်အတွက် အမြတ်အ
စွန်း လျော့ကျသွားသည့် စာရင်းကို ကြိုတင် ထုတ်ပြန်သော R.R. Donnelley & Sons Co.RRD)ကို ဝေဖန် ပြစ်
တင်ခဲ့သည်။ RRDက Google၏ တတိယ (၃)လပတ် အမြတ်ငွေ လျော့နည်းသွားခြင်းကို ဖော်ပြခဲ့မိသည့်
aနာက် စတော့ဈေးကွက်တွင် ကမောက်ကမ အခြေအနေများ ပေါ်ပေါက်လာခြင်းဟု Googleက ဆိုသည်။

အင်တာနက် ရှာဖွေရေး ဝန်ဆောင်မှု လုပ်ငန်းစုကြီး၏ ရှယ်ယာဈေးကွက် ချက်ကောင်း တစ်ချက် အထိုးနှက် ခံရမှုနှင့် ပတ်သက်ပြီး Cantor Indexမှ လူသိများသော စာရင်းအင်း ပညာရှင် ဒေးဗစ်ဘာ့ခ်က "ပူဖောင်းက
aတာ့ ကွဲသွားပြီ။ Googleလိုမျိုး တစ်ရှိန်ထိုး တိုးတက်လာတဲ့ လုပ်ငန်းတွေဟာ တစ်ချိန်မှာ ဒီလို ကြုံရတတ်ပါ
တယ်"ဟု ပြောကြားသွားသည်။


၎င်းသည် ရှယ်ယာဈေးကွက်ကို နှစ်ပေါင်း(၅၀)မျှ သုတေသနပြု စောင့်ကြည့်နေခဲ့သူလည်း ဖြစ်သည်။Google
ပိုင် ပုံနှိပ်လုပ်ငန်း RRDကကုမ္ပဏီ၏အမြတ်ငွေ(၂၀)ရာခိုင်နှုန်းကျဆင်းသွားသည်ကို ဖော်ပြမိခဲ့သည့်နောက်
Google၏ ရှယ်ယာတန်ဖိုးသည် (၈)မိနစ်အတွင်း (၉)ရာခိုင်နှုန်း ထိုးဆင်းသွားခြင်းဟု သိရှိရသည်။

Planet Myanmar Network:

No comments:

Post a Comment