Pages

Pages - Menu

Wednesday, October 10, 2012

မြန်မာ ပရိတ်သတ်ကို Digicel ကုမ္ပဏီမှ ဂျာစီ လက်ဆောင် ပေးမည်

ရန်ကုန်၊ အောက်တိုဘာ ၈

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပသော ဆူဇူကီး ဖလား ခြေစစ်ပွဲ၏ လက်ကျန်နှစ်ပွဲတွင် အစော ဆုံးလက်မှတ် ဝယ်ယူသည့် ပရိတ်သတ် သုံးထောင်ကို Digicel ကုမ္ပဏီက ဂျာစီ အင်္ကျီများ လက်ဆောင် ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာ အရာရှိ ဦးဇင်မင်းထိုက်က ပြောကြားသည်။
Digicel ကုမ္ပဏီသည် မြန်မာ နေရှင်နယ်လိဂ် အသင်းများကို အဓိက ကူညီ ပံ့ပိုးမှု ပေးသည့် ကုမ္ပဏီ တစ်ခုဖြစ်၍ ယခု ဆူဇူကီးဖလားတွင် အရောင်းမြှင့်တင်မှုလုပ်သည့် သဘောဖြစ်ကြောင်း ၎င်း၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဆူဇူကီးဖလားခြေစစ်ပွဲကို မြန်မာနိုင်ငံ က အောက်တိုဘာလ ၅ ရက်နေ့မှ စတင်၍ လက်ခံ ကျင်းပခဲ့သော် လည်း မြန်မာ ပရိတ်သတ်နည်းပါးနေမှုကြောင့် ယခုကဲ့သို့ Digicel ကုမ္ပဏီက ပရိသတ်ကို ဆွဲဆောင်ခြင်း ဖြစ်နိုင်ကြောင်း အားကစား ကလောင်ရှင်တစ်ဦးဖြစ်သည့် ဦးချစ်ဝင်းမောင် က သုံးသပ် ပြောဆိုသည်။

"အာရှအဆင့်ပွဲ ဖြစ်တဲ့အတွက် သုဝဏ္ဏကွင်းမှာ မြန်မာဘီယာ တို့လို ကုမ္ပဏီတွေရဲ့ကြော်ငြာဘုတ် တွေ မရှိတာ သတိထား မိလိမ့်မယ် ထင်တယ်။ဒါကြောင့် Digicel ကုမ္ပဏီ က ပရိသတ်ကို အခုမှ လက်ဆောင်ပေး ပြီးဆွဲဆောင် ရတဲ့ သဘောပါ"၎င်းက ဆိုသည်။

မြန်မာအသင်းမှာ လက်ရှိ အချိန်ထိ နှစ်ပွဲကစားထားရာ ရှုံးပွဲ မရှိသေးသည့် အတွက် ရမှတ်ခြောက်မှတ်ဖြင့် အုပ်စု ပထမ နေရာတွင် ရပ်တည်လျှက်ရှိပြီး လက်ကျန်နှစ်ပွဲ ကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် ကမ္ဘောဒီးယားအ သင်း နှင့်လည်းကောင်း၊အုပ်စုနောက်ဆုံးပွဲကို အောက်တိုဘာလ ၁၃ရက်နေ့တွင် လာအိုအသင်းနှင့် လည်း ကောင်း ဆက်လက် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
 
TheVoiceWeekly

No comments:

Post a Comment