Pages

Pages - Menu

Wednesday, October 24, 2012

ကေအိုင်အေက ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ဖမ်းဆီး(Breaking News)

ရန်ကုန်၊ အောက်တိုဘာ ၂၄

မြန်မာနိုင်ငံ မြောက်ဖျားပိုင်း ပူတာအိုမြို့နယ် လုံရှာရန် ကျေးရွာတွင် ကျောင်းသားများ အပါအဝင် ဒေသခံ ၂၂ ဦးကို ကချင် လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) တပ်ရင်း ၇ မှ ဖမ်းဆီး သွားကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ်ပြောကြား သည်။ ကေအိုင်အေမှ ဗိုလ်ကြီး လခန် နှင့် ဗိုလ်ကြီး ဇော်လှိုင်တို့ ဦးစီးသော တပ်အင်အား ၃၀ ခန့်သည် အောက်တိုဘာ ၂၃ ရက်နေ့ ည ၁၁ နာရီ အချိန်ခန့်တွင် လာရောက် ဖမ်းဆီးခြင်း ဖြစ်ပြီး ဖမ်းဆီး သွားသည့် ဒေသခံ ၂၂ ဦးတွင် ဒသမတန်း ကျောင်းသား ၂ ဦး ၊ နဝမတန်း ကျောင်းသား ၃ ဦးနှင့် အဌမတန်း ကျောင်းသား ၁ ဦး ပါဝင်နေကြောင်း ၄င်းတို့က ရှင်းပြသည်။
 
 
The Voice Weekly
 

No comments:

Post a Comment