Pages

Pages - Menu

Saturday, October 27, 2012

ဩစတြေးလျသားတွေကို အရူးလုပ်လိုက်တဲ့ ဗီယက်နမ်သူလျှို

သူလျှိုတွေနဲတွေ့ဆုံရင်ဆိုင်ရတာဟာရင်တဖိုဖိုတထိတ်ထိတ်နဲ့ စိတ်ဝင်စား စရာလည်းကောင်းတယ်။ တိတ်
တဆိတ် ချိန်းဆိုတွေ့ရလို့ ဖြစ်ပေါ်လာတဲ့ခံစားမှုကိုအသာထားဦး၊အဖြစ်မှန်တဲ့အချက်တစ်ချက်ကတော့ဒီလို
သူလျှို မျိုးတစ်ယောက်ဟာ အသုံးစရိတ် အတော်များများရရှိထားသူ ဖြစ်တယ်။

ကျွန်တော့ရဲ့ဣနြေ္ဒသမ္ပတ္တိနဲ့အသက်ဘေးအန္တရာယ်ကို ထောက်ရှုအလေးထားတဲ့အတွက်ကြောင့်လည်းလွန်
ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းကအချို့နိုင်ငံခြား ထောက်လှမ်းရေး ဌာနအကြီးအကဲအချို့နဲ့ နေ့လယ်စာ
စားခဲ့တာတွေ ရှိခဲ့သလို သူတို့ရဲ့နာမည် တွေကိုလည်းမရေးလိုတော့ပါဘူး။
ကိုယ်တွေ့အတွေ့အကြုံကိုအသာထားဦး။ ဒီသူလျှိုတွေရဲ့အကြောင်းဟာ ပြီးခဲ့တဲ့လက တုန်လှုပ်ချောက်ချား
 ဖွယ် ခေါင်းဖော်လာခဲ့တယ်။ အရှေ့ဘက်မှာ ရှိတဲ့ ဗီယက်နမ်နဲ့ ဩစတြေးလျနိုင်ငံ တွေမှာ ဖြစ်ခဲ့တယ်။
ယုံနိုင်စရာမရှိလောက်တဲ့အမှုတစ်ခုကတော့ဆက်ဆံရေးမှာအလွန်ညက် ပြီး ပညာတတ်သူလျှိုတစ်ယောက်
ဖြစ်သူ လူအန်ငေါ့အန်းဟာ ဩစတြေးလျသား တွေဆီက အမေရိကန်ဒေါ်လာ သန်း ၂၀ ရိတ်ခဲ့တယ်လို့ သိရ
တဲ့အပြင်ဩစတြေးလျရဲ့ ထိပ်တန်းကုန်သွယ်မှု သံတမန် တစ်ဦးကို အသည်း ဘ၀င်ခိုက်အောင် လုပ်ခဲ့တယ်
လို့ သိလိုက်ရတယ်။
၁၀ နှစ်ကြာခဲ့ပြီးနောက် အခုအချိန် မှာတော့ အစိုးရရဲ့ ပံ့ပိုးမှုနဲ့ လုပ်ခဲ့တဲ့ အလွန်ကြီးမားတဲ့ လူဆိုးဖမ်းထောင်
 ချောက်ရဲ့အသေးစိတ် အချက်အလက် တွေ မဲလ်ဘန်းရာဇ၀တ် တရားသူကြီး ရုံးမှာ တဖြည်းဖြည်းနဲ့ ဘူးပေါ်
သလို ပေါ်လာခဲ့တယ်။
ဗိုလ်မှူးကြီး အန်းဟာ ပြည်သူ့လုံခြုံရေး ၀န်ကြီးဌာနမှာ လုပ် တယ်။ တစ်နည်းပြောရရင် ဒီဌာနဟာ ဗီယက်နမ်
ထောက်လှမ်းရေး အေဂျင်စီ ဖြစ်တယ်။သူ့ရဲ့ နိုင်ငံရေးအဆက်အသွယ်တွေကလည်း ပေါလစ်ဗျူရို အဆင့်ထိ
အောင် ရှိတယ်လို့ ဆိုတယ်။
ငယ်စဉ်ကမွဲတေခဲ့ပေမယ့်သူ့ရဲ့သဘာဝအရည်အသွေးတွေက ကွဲပြား ခြားနားစေခဲ့တယ်။ အာဏာရ ကွန်မြူ
နစ် ပါတီတွင်းက ကေဒါတွေကသူ့ကို တွေ့ရှိခဲ့ရာက သူ့ကို မဲလ်ဘန်းမြို့မှာရှိတဲ့မိုနက်ရှ်တက္ကသိုလ်သို့လွှတ်
ပြီး ပညာသင်ကြားစေခဲ့တယ်။
သူဟာ ဆက်သွယ်ရေးနည်းပညာကို အဓိကသင်ယူခဲ့ရာမှ ဟနွိုင်းမြို့သို့ ပြန်အရောက်မှာသူ့ရဲ့သူလျှိုဆရာ
ကြီးတွေကCompanyForTechnology & Development လို့ခေါ်တဲ့ကုမ္ပဏီအတုကိုသူ့အတွက်တည်ထောင်ဖွဲ့
စည်းပေးခဲ့တယ်။
ဒီကုမ္ပဏီရဲ့ ရည်ရွယ်ချက်ကတော့တခြားနိုင်ငံတွေကအချက်အလက် တွေကိုစုဆောင်းတာအပြင်သတိထား
ရတဲ့ကဏ္ဍတွေဖြစ်တဲ့ ဘဏ်လုပ်ငန်း၊ ကာကွယ်ရေးဌာနတွေနဲ့ ပြန်ကြားရေးနည်းပညာတွေက နိုင်ငံခြားရင်း
နှီးမြှုပ်နှံမှုတွေရရှိရေးအတွက် ဖြစ်တယ်။
ဒီကဏ္ဍတွေမှာအန်းဟာကျွမ်းကျင်လိမ္မာစွာအောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ခဲ့တယ်။သူ့ရဲ့အအောင် မြင်
ဆုံး ကြိုးပမ်းချက်ကတော့ အလွန် ချောမောလှပတဲ့ ဩစတြေးလျက ထိပ်တန်းကုန်သွယ်မှု ကိုယ်စားလှယ် 
အယ်လစ်ဇဘက် မာဆာမူနီးနဲ့ သိခွင့် ရခဲ့တာပဲဖြစ်တယ်။
၁၉၉၉ ခုနှစ်၊ ဇွန်လမှ အယ်လစ် ဇဘက် ဟနွိုင်းသို့ တာဝန်နဲ့ ရောက်လာ ခဲ့ပြီးတဲ့နောက်မှာ သူဟာ အန်းနဲ့
သိလာ ခဲ့ပြီး သူ့ရဲ့နှစ်လို့ဖွယ်ကောင်းတဲ့ အခွင့် အလမ်းတွေကို အန်းဟာ သဘောကျ လာခဲ့တယ်။
တရားရုံးကဖွင့်ဟလိုက်တဲ့ လျှို့ဝှက်ချက်တွေအရ အန်းဟာ အယ်လစ် ဇဘက်ကို ရေမွှေး၊ ဒီဗီဒီစက်နဲ့ ရုပ်မြင်
သံကြားစက်တွေအပါအ၀င်လက်ဆောင် တွေကိုပေးတဲ့အပြင်အယ်လစ်ဇဘက်နဲ့တရင်းတနှီးဆက်ဆံခဲ့တယ်
လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့တယ်။အရင်လက တရားရုံးမှာ အယ်လစ် ဇဘက်က သူ့အိမ်ထောင်ရေး
အဆင်မပြေတဲ့အချိန်အန်းကိုကြိုက်ခဲ့တယ်လို့ဖွင့်ဟခဲ့တယ်။ဒါပေမယ့်လည်း အန်းဟာ လိင်ကိစ္စတစ်ခုတည်း
နဲ့ အယ်လစ်ဇဘက်ကို စိတ်ဝင်စားနေတာ မဟုတ်ဘူးဆိုတာ ပေါ်လွင်လာခဲ့တယ်။
အယ်လစ်ဇဘက်ရဲ့အလုပ်အကိုင် တည်မြဲမှုဟာ ဗီယက်နမ်မှာ ဩစတြေး လျကုမ္ပဏီတွေ ကန်ထရိုက်ရဖို့ဆို
တာ အန်း နားလည်သဘောပေါက်တယ်။ အန်းရဲ့ ၀န်ကြီးဌာနမှ ကန်ထရိုက် အချို့ကို အယ်လစ်ဇဘက်ရဖို့ 
အန်းက ဆွဲဆောင်နိုင်တာကိုလည်း အန်းက သဘောပေါက်တယ်။
ဒီကန်ထရိုက်တွေရတဲ့အခါအယ်လစ် ဇဘက်က အချီးမွမ်းခံရပြီး အန်းကို ကျေးဇူးဆပ်ဖို့ပင် ရှိလိမ့်မယ်ဆိုတာ
ကို လည်း အန်းက နားလည် သဘောပေါက် တယ်။ ဩစတြေးလျအစိုးရရဲ့သက်ဆိုင်သူတွေသာ သိသင့်တဲ့
အသေးစိတ် ရှင်းလင်း ညွှန်ကြားချက်တွေကိုလည်း အယ်လစ်ဇဘက် လက်လှမ်းမီတာကို အန်းကသိတယ်။
ဒီအချက်အလက် တွေကိုသာ အန်းရဲ့ ထောက်လှမ်းရေး ဆရာတွေ သိရရင် သဘောအလွန်ကျ မယ်ဆိုတာ
ကို အန်းကသိတယ်။ မြိုးမြိုးမြက်မြက်ကလေး အဖြစ်ဆုံး ကတော့ အန်းဟာ အယ်လစ်ဇဘက် ကန်ထရိုက်
တွေရအောင် လုပ်ပေးတဲ့ အတွက် ကော်မရှင်ကောင်းကောင်း ရမယ်ဆိုတဲ့ အချက်ပဲ။ Reserve Bank of 
Australia ရဲ့ လက်အောက်ခံကုမ္ပဏီ Securency က ဗီယက်နမ်အစိုးရအတွက် ပလတ်စတစ် ငွေစက္ကူလုပ်
ပေးတဲ့ ကန်ထရိုက်ရဖို့ ကြိုးစားတဲ့အခါ အန်းအတွက် မကြုံစဖူး အခွင့်ကောင်းပေါ်လာခဲ့တယ်။
Securency ကန်ထရိုက်ရအောင် လုပ်ပေးနိုင်တယ်။ ဒါပေမယ့် ကြိုတင် ငွေကို လိုချင်တယ်လို့ အန်းက အယ်
လစ်ဇဘက်ကို ပြောလိုက်တဲ့အခါ အယ်လစ် ဇဘက်က Securency ကို တစ်ဆင့်ပြော ခဲ့ပြီး ဗီယက်နမ်မှာ လုပ်
ငန်းသဘောအရ ဒါမျိုးရှိတယ်လို့ ပြောလိုက်တဲ့အခါမှာ ကုမ္ပဏီက အန်းကို ဒေါ်လာသန်း၂၀ လောက် လာဘ်
ထိုးခဲ့တယ်။
ဒီကိစ္စတွေဖြစ်ပျက်ခဲ့ပြီးတဲ့နောက်မှာ ပိုပြီး ဦးနှောက်ခြောက်စရာကောင်းတဲ့ အချက်ကတော့ အန်းဟာ အယ်
လစ်ဇဘက်နဲ့မတွေ့ခင်ကတည်းက သူလျှို ဆိုတာ ဩစတြေးလျအစိုးရကသိနေတဲ့အချက်ပဲဖြစ်တယ်။ အတို
ချုံးလိုက်ရင်တော့ Securency ကုမ္ပဏီက ကန်ထရိုက်ရသွားတယ်။ အယ်လစ်ဇဘက်က သူ့ဆောင်ရွက်မှု အ
တွက် ဆုကြေးရတယ်။
အန်းကတော့ မြိုးမြိုး မြက်မြက်ကလေး ရသွားတဲ့အပြင် လျှို့ဝှက် သတင်းအချက်အလက်တွေ တောင် ရသွား
မလားမပြောတတ်ဘူး။အယ်လစ်ဇဘက်တရားရုံးရှေ့မှောက် ရောက်သွားပေမယ့်သူ့ရဲ့ဝန်ကြီးဌာနသို့မဟုတ်
ထောက်လှမ်းရေးက လူကြီး တွေတော့ အခုအထိ တရားရုံးက မခေါ် သေးဘူး။အန်းကိုလည်း အရေးယူမယ့်
လူ မပေါ်သေးဘူး။
(ယခုဆောင်းပါး မှာ ဆောင်းပါးရှင် ရော်ဂျာမစ်တန်၏ အာဘော်သာ ဖြစ်ပါသည်။)
 မန်မာ့တိုင်းမ်

No comments:

Post a Comment