Pages

Pages - Menu

Saturday, October 20, 2012

ဟောလီးဝုဒ် ရုပ်ရှင်ဇာတ်လမ်းတွဲ ဝင်ငွေအမြင့်ဆုံးရသည့် မင်းသားအဖြစ် အက်ရှ်တန်ကက်ချာ မှတ်တမ်းဝင်

ရုပ်ရှင်ဇာတ်လမ်းတွဲ ဝင်ငွေအမြင့်ဆုံးရသည့် မင်းသားအဖြစ် ကက်ချာ မှတ်တမ်းဝင်

 ဟောလီးဝုဒ်တွင် ရုပ်ရှင် ဇာတ်လမ်းတွဲမှ ဝင်ငွေ အမြင့်ဆုံး ရရှိသည့် မင်းသားအဖြစ် အက်ရှ်တန်ကက်ချာက
 မှတ်တမ်းဝင်နိုင်ခဲ့ပြီ ဖြစ်သည်။ Two and A Half Men ဇာတ်ဆောင် မင်းသားသည် ယင်းဇာတ်လမ်းတွဲအ
တွက် စာချုပ်ခဲ့သည့်နောက် ဒေါ်လာ (၂၄)သန်း ရရှိခဲ့သည်။
အသက်(၃၄)နှစ်ရှိ မင်းသားသည် ချာလီရှင်း၏ နေရာတွင် အစားထိုးကာ အဆိုပါ ဇာတ်ကား၌ ပါဝင် သရုပ်
ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယမန်နှစ်က ဒေါ်လာ သန်း(၄၀) ရရှိခဲ့သော ချာလီမှာ ယခုအခါ ထိပ်ဆုံး (၁၀)ဦး စာရင်းတွင်ပင် မဝင်ခဲ့သည့်အတွက် စိတ်ပျက်စရာ ဖြစ်လာသည်။

Forbes မဂ္ဂဇင်းက ချာလီလက်ထက်တွင် အောင်မြင်မှုများ ရရှိခဲ့သော ဇာတ်လမ်းတွဲ၏ အသီးအပွင့်ကို ကက်
ချာက ဆက်လက် ခံစားရခြင်းဟု ညွှန်းဆိုခဲ့သည်။



ချာလီသည် ရုပ်ရှင်ပရိုဂျူဆာ အဖွဲ့နှင့် ပြဿနာ ဖြစ်ခဲ့သည့်နောက် ဇာတ်ကားမှ နုတ်ထွက်ခဲ့ရခြင်းဖြစ်သည်
။ ကက်ချာ ဝင်ရောက် သရုပ်ဆောင်ချိန်တွင် ယင်းဇာတ်ကား၏ အပိုင်းတစ်ပိုင်းအတွက် ပျမ်းမျှ ကြည့်ရှုသူ အရေအတွက်မှာ (၁၂.၄)သန်းမျှ ရှိလာသည်။

ထိပ်ဆုံး (၁၀)နေရာတွင် ကက်ချာ၏ တွဲဖက်သရုပ်ဆောင် ဂျွန်ခရိုင်ရာက အဆင့်(၇) ချိတ်ခဲ့ကြောင်း တွေ့
ှိရသည်။Forbesသည် အမျိုးသမီး TVစတားများ စာရင်းကိုလည်း ပြုစုခဲ့ရာ ကာဒက်ရှီယန် ညီအစ်မများ ဖြစ်
ကြသည့် ကင်မ်နှင့် ခိုလ်တို့သည် အဆင့်(၂)နှင့် အဆင့်(၅) အသီးသီး ချိတ်ခဲ့ကြောင်း သိရသည်။

 DailyMail

No comments:

Post a Comment