Pages

Pages - Menu

Monday, October 8, 2012

ပြည်ပသို့ တရားမဝင်ရွှေတင်ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောကြား


ကမ္ဘာ့ရွှေဈေးအမြင့်ဘက်သို့ ဆက်တိုက်ဦးတည်နေသည့်အတွက် ပြည်ပသို့ တရားမဝင်ရွှေတင် ပို့ခြင်းများ ယခုနှစ်ပိုင်းတွင် ပိုမိုများပြား လာနေ ကြောင်း မြန်မာ နိုင်ငံရွှေလုပ်ငန်းရှင် များအသင်း အတွင်းရေးမှူး ဦးကျော် ဝင်း က ပြောကြားသည်။ လက်ရှိပြည်တွင်းရွှေဈေး သည် စက်တင်ဘာ၂၈ရက်တွင် တစ်ကျပ်သား လျှင် ကျပ် ၇၈၇၀၀ဝအဖြစ် သမိုင်းတစ် လျှောက် အမြင့်ဆုံး အနေအထား သို့ ရောက်ရှိနေသော်လည်း ကမ္ဘာ့ရွှေဈေး သည် ပြည်တွင်းရွှေဈေးထက် ပိုမိုမြင့် မားသည့်အနေအထား တစ်ရပ် အဖြစ် တစ်အောင်စလျှင် ဒေါ်လာ၁၇၈ဝသို့ ရောက်ရှိနေရာ တင်ပို့ရောင်းချပါက တွက်ခြေကိုက်သည့် အနေ အထားဖြစ် နေခြင်းကြောင့် အထက်ပါ ကဲ့သို့ ရွှေ တင်ပို့ခြင်းများ များလာခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးကျော်ဝင်းက''တရားမဝင်သွားနတာန့တိုင်းနီးပါးရှိပါတယ်။ပမာဏတ်ာတော်များတယ်။ ဒီမှာအရောင်း အဝယ်မဖြစ်မှတော့ အဲဒီ(ပြည်ပ)ကိုပဲ သွားမှာပေါ့။ ပမာဏက ကျွန်တော် ပြောရရင် သိပ်မကောင်းဘူး။ အခုလို ရွှေဈေးတက်ချိန်မှာ ပိုသွားတာပေါ့'' ဟု စက်တင်ဘာလ ဒုတိယအပတ်က ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ တရားဝင်ရွှေတင်ပို့ခွင့်အား တစ်ခါမှ ခွင့်ပြုပေးခြင်းမရှိသော်လည်း တရား မဝင်အနေအထားဖြင့် တင်ပို့မှုများရှိ နေခဲ့ခြင်းဖြစ်ကာ အဓိကအသုံးများသည့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများသို့ အဓိက ပြုလုပ်နေကြကြောင်း ဦးကျော်ဝင်းက ဆက်လက်ပြောသည်။

ဆက်လက်၍ ဦးကျော်ဝင်းက ''အခွန်ထမ်းစရာမလိုဘဲ လုပ်နေကြ တာ။ နိုင်ငံတကာဈေးနှုန်းနဲ့ယှဉ်ရင် အမြတ်လဲ များတယ်။ ဒါကို နိုင်ငံတော် က မသိလို့ဘဲလားပေါ့။ တရားဝင်တင်ပို့ နိုင်ရင်တော့ အားလုံးအကျိုးရှိတာပေါ့။ နိုင်ငံတော်လဲ အခွန်ရတယ်လေ''ဟု ပြောသည်။

ယခင်က ကမ္ဘာ့ရွှေဈေးသည် တစ် အောင်စကို ဒေါ်လာ၁၉၀ဝအထိမြင့် တက်ဖူးပြီး ယင်းသို့ ကမ္ဘာ့ရွှေဈေးမြင့် တက်နေသရွေ့မန်မာ့ရွှေဈေးသည်လည်း ဆက်လက်မြင့်တက်နေဦးမည် ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များ
ကသုံးသပ်သည်။

မြန်မာနိုင်ငံရွှလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသူတော်က''ကမ္ဘာ့ရွှဈေးဆက်တက်နေသရွေ့ မြန်မာ့ ရွှေဈေး
လဲ ဆက်တက်နေမှာပဲ။ လိုက် မတက်ရင် ကျွန်တော်တို့ရွှေတွေ သူတို့ (ပြည်ပ)ဆီကိုရောက် သွားမှာပေါ့။ ဒီ အတိုင်းတောင် ရွှေတွေက တရားမဝင် ထုတ်ဖို့ကြိုးစားနေကြတာ''ဟု ပြော သည်။

ပြည်တွင်းရွှေဈေးကွက် လမ်းမ တော်ဦးထုံရွှေဆိုင်မှ အရောင်းတာဝန် ခံတစ်ဦးက ''ဘာလုပ်စားရမှန်းတောင် တွက်ဆလို့မရဘူး။ ရွှေကလာရောင်း တဲ့သူပဲရှိတာ။ ဝယ်တဲ့သူမရှိဘူး။ ငွေပြန် ကောက်ရတာ ခက်တာပေါ့။ အရောင်း အဝယ်ကတော့ ရေခဲတုံးပဲလို့ပြောရ မယ်''ဟု ပြောသည်။
 
Yangon Media Group

No comments:

Post a Comment