ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်
ကျွန်းတောလမ်းနှင့် မဟာမြိုင်လမ်းထောင့် အမှတ် ၇၀/၇၂ ရှိ ကျွန်းတောကွက်သစ်
သမ၀ါယမ အဆောက်အအုံအား အသင်းသားများ သဘောဆန္ဒမရယူဘဲ ကန်ထရိုက်
တိုက်ဆောက်လုပ်ခြင်းကိုအသင်းသားများကအောက်တိုဘာ၂၈ရက်နံနက်တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့
တိုက်ဆောက်လုပ်ခြင်းကိုအသင်းသားများကအောက်တိုဘာ၂၈ရက်နံနက်တွင် ဆန္ဒထုတ်ဖော်ကန့်ကွက်ခဲ့
ရန်၊အဆောက်အအုံဆောက်လုပ်ရာတွင်ပါဝင်ပတ်သက်သူများကိုအရေးယူပေးရန်နှင့်သမ၀ါယမ၀န်ကြီးလာ
ရောက်ဖြေရှင်းပေးရန်တို့ကိုတောင်းဆိုခဲ့ကြသည်။
အဆောက်အအုံဆောက်လုပ်မှုကိုအစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်းတာဝန်ရှိသူများကလာရောက်ဖြေ
ရှင်းပေး မှု မရှိသည့် အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းဆန္ဒပြမှုတွင်ပါဝင်သူကိုတင်ထက်ကိုက ပြော
သည်။
ကန်ထရိုက်တိုက် ဆောက်လုပ်ခြင်းဖြစ်စဉ်နှင့် ပက်သတ်၍ ကျွန်းတော ကွက်သစ် သမ၀ါယမအသင်းသားသုံးဆယ်ကျော် ခန့် ဆန္ဒ္ဒပြနေစဉ်
ဓါတ်ပုံ - Eleven Media Group
ဓါတ်ပုံ - Eleven Media Group
အသင်းသား ၃၅ ဦးဖြင့် ငြိမ်းချမ်းစွာ
စုဝေးဆန္ဒဖော်ခွင့်ရရှိရန် စမ်းချောင်းမြို့နယ် ရဲစခန်းသို့ အောက်တိုဘာ ၁၇
ရက်က လျှောက်ထားခဲ့ရာတွင် ပယ်ချခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးသို့ အယူခံဝင်
ရောက်ရာတွင် ခွင့်ပြုမိန့် ၁/၂၀၁၂ ဖြင့် ဆန္ဒထုတ်ဖော်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
အသင်းသား၏ ဆန္ဒထုတ်ဖော်သည့်နေ့မှစ၍ သုံးပတ်အတွင်း
တာဝန်ရှိသူများမှ လာရောက်ဖြေရှင်းခြင်းမ
ပြုပါက
ဆက်လက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း ကိုတင်ထက်ကိုက ပြောသည်။
7Day News Journal
No comments:
Post a Comment