Pages

Pages - Menu

Tuesday, October 9, 2012

ပုဂံမြို့ဟောင်းတွင် အဆောက်အဦးအသစ်များ ရပ်တန့်စေရေး သမ္မတထံစာတင်မည်

ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်လို၍ ပုဂံမြို့ဟောင်း၌ အဆောက်အဦးအသစ်များ တိုးချဲဆောက်လုပ်နေ့သည့်ကိစ္စအားနိုင်ငံတော်သမ္မတထံ တင်ပြတောင်းဆိုကြည် ဖြစ်သည်။ပုဂံမြို့ဟောင်း
နယ်မြေအတွင်းရှိဟိုတယ်များ၊စားသောက်ဆိုင်များ၊ကဇာတ်ဖျာ်ဖြေရေး၊ လူနေအိမ် များ ဆောက်လုပ်နေမှု အပေါ်နိုင်ငံတော်သမ္မတထံသို့စာတင်သွားမည်ဖြစ်ကြောင်းပုဂံရှေးဟောင်းနယ်မြေယဉ်ကျေးမှု ထိန်းသိမ်း
စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က သိရှိရသည်။
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ရန်အတွက် အထက်ပါ အဆောက်အဦးအသစ်များ
ကြောင့် အခက်အခဲရှိနိုင်သဖြင့် ယခုကဲ့သို့ တားဆီးပိတ်ပင်ရခြင်း ဖြစ်ကြောင်းကို လည်း သိရသည်။

“နိုင်ငံတော်အစိုးရကမြို့သစ်ကိုအိမ်တွေပြောင်းခိုင်းတာလည်းမြို့ဟောင်းကိုရှေးဟောင်းယဉ်ကျေးမှုဇုန်အ
ဖြစ် ထားဖို့ ပါ၊ ကျွန်တော်တို့ ပုဂံမြို့ဟာင်းကနေ ပုဂံမြို့သစ်ကို ပြောင်းရွှေ့ပေးခဲ့ ရတာ ဟာ သူတို့ဒီလို အ
ဆောက် အဦး သစ်တွေ ဆောက်ဖို့မဟုတ်ပါဘူး’’ဟု ပုဂံယဉ်ကျေးမှု ထိန်းသိမ်းစောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့က ကိုအောင်ရွှေက ပြောသည်။

ပုဂံမြို့ဟောင်းကျုံးမြို့ရိုးအတွင်းရှိ(၂၀၀၈-၂၀၀၉)မှ တည်ဆောက်ခဲ့သော နန်းတော်ပုံ အဆောက်အဦးအ
တွင်း ထူး-ကုမ္ပဏီမှ စားသောက်ဆိုင်နှင့် လက်ဆောင်ပစ္စည်း အရောင်းဆိုင် များနှင့်(၁၈၈၆)ခုနှစ်က တည်
ဆောက်ခဲ့သော(ဘုတ်ကျောင်း)အား ဖြိုချပြုပြင်၍ နန်းတော် စားသောက်ဆိုင်၏ အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုရန်စီစဉ်နေခြင်း၊ အေဒီ(၃)ရာစု ပျုစောမင်းကြီးတည်ထားခဲ့သောဗူးဘုရားစေတီတော်အနီး မြစ်ကမ်း
နဖူးတွင် (၁၉၉၀)ခုနှစ် နောက်ပိုင်းမှယနေ့တိုင် သံဇကာခြံဝန်းခတ်၍ ရှေးဟောင်းဇုံမြေနေရာကို သိမ်းယူပြီး
ဟိုတယ် ဆောက်လုပ်ခြင်းနှင့် နန်းမြင့်မျှော်စင်စသည့်ခေတ် မှီအဆောက်အဦးများ တည်ဆောက် ထား ခြင်ူး
ကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များပျက်စီး နေခြင်းရကြောင်းကိုလည်း သိရသည်။

“ကျွန်တော်တို့က အခု(၈၈)ကျောင်းသားတွေနဲ့ မီဒီယာများကို အရင် တွေ့ဆုံပြီး ပြောပြ တာပါ၊ နောက်နိုင် ငံ
တော်သမ္မတဆီကို စာတင်မယ် နောက်ဆန္ဒထုတ်ဖော်မယ်” ပုဂံယဉ်ကျေးမှုထိန်း သိမ်းစောင့်ရှောက်ရေးနှင့်
ွံ့ဖြိုးတိုး တက်ရေးအဖွဲ့က ကိုမင်းနိုင်ကပြောသည်။အဆိုပါအဖွဲ့အနေဖြင့် အောက်တိုဘာလ(၇)ရက်နေ့တွင်
၈၈မျိုးဆက်ကျောင်းသား ခေါင်း ဆောင်များအဖွဲ့များ၊ မီဒီယာသမားများနှင့် ရန်ကုန်၌တွေဆုံကာသတင်း စာရှင်းလင်းပွဲ တစ်ခုပြုလုပ်၍ ၄င်းတို့ ရှေ့လုပ်ငန်းစဉ်များ အားချပြခဲ့ခြင်းဖြစ်သည်။

ပုဂံမြို့ဟောင်းကျုံးမြို့ရိုးအတွင်း ဗူးဘုရားစေတီတော်၏ ရှေ့မျက်နှာစာနှင့်အ၀င်လမ်းမတစ် လျှောက်
ဆာက် လုပ် ထားသော ပြဇာတ်ခုံကြီးနှင့်ညဈေးတန်းအစားအသောက် နှင့်အဖျော် ရည်ယမကာများ
ရောင်း ချသော ဈေးဆိုင်ခန်းများ၊သမ၀ါယမ၀န်ကြီးဌာန အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းဌာန လက်အောက် ယွန်းကော လိပ်မှ(၁၉၉၀)ခုနှစ်နောက်ပိုင်းသိမ်းယူထားသော အုတ်နံရံကြီးနှင့် နှစ်ထပ်အဆောက်အဦးကြီး
များ တည်ဆောက် ထားကြောင်းကိုလည်း သိရှိရသည်။

ယခုအခါပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်နယ်မြေတွင် အဆောက်အဦးသစ်များနှင့် နေရာယူနေသည့် အပေါ်တွင် ယဉ်ကျေးမှုပပျောက်မည်ကို စိုးရိမ်နေကြောင်းကိုလည်းသိရ သည်။ ပုဂံက မြန်မာနိုင်ငံအတွက် အရေးပါတဲ့မြို့ဖြစ်တာကြောင့် အခုလို အဆောက်အဦး အသစ်တွေဆောက်နေ တာကို ထိန်းချုပ်ဖို့လိုတယ်
ဟု (၈၈)မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက အကြံပြုပြောဆိုခဲ့သည်။
 
Infinity Power

No comments:

Post a Comment