Pages

Pages - Menu

Monday, October 22, 2012

ကြည်မြင်တိုင်မြို့နယ်တွင် စိန်နှင့် ရွှေထည်ပစ္စည်းများ ခိုးယူခံရမှုကြောင့် အလှပြင်ဆိုင်အတွင်း ၀င်ရောက်ရှာဖွေခဲ့ရာမှ ကျည်ဆံတောင့်များတွေ့ရှိ

စိန်နှင့် ရွှေထည်ပစ္စည်းများခိုးယူခံရမှုကြောင့်အလှပြင်ဆိုင်အတွင်းဝင်ရောက်ရှာဖွေခဲ့ရာမှကျည် ဆန်တောင့်
များ တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။ကြည်မြင်တိုင်မြို့နယ်အုန်းပင်လမ်း၊ ဈေးကြီးအနောက်ရပ်ကွက်တွင်
နေထိုင်သည့် မိသားစုတစ်စုမှာ အောက်တိုဘာလ ၂၀ ရက်နေ့တွင် နေအိမ်အား သော့ပိတ်ပြီး လှိုင်မြို့နယ်ရှိ မိဘများထံ သွားရောက် လည်ပတ်ခဲ့ကြောင်း သိရသည်။


အောက်တိုဘာလ ၂၁ ရက်နေ့မွှန်းလွှဲပိုင်းတွင်ကြည်မြင်တိုင်မြို့နယ်ရှိ နေအိမ်ကို ပြန်လာခဲ့ရာ နေအိမ်တံခါး
သော့ပွင့်နေပြီး အိပ်ခန်းအတွင်းရှိ ကြိတ်သားဗီဒိုအတွင်းမှ စိန်နှင့်ရွှေထည်ပစ္စည်း(၇)မျိုး  တန်ဖိုးသိန်း ၂၅၀
 ကျော် ပျောက်ဆုံးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ခိုးယူခံရမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့မှ ကြည်မြင်တိုင်မြို့နယ် အုန်းပင်လမ်းရှိ အ လှပြုပြင်ရေးဆိုင်
သို့ အောက်တိုဘာလ ၂၁ ရက်နေ့ ည ၈ နာရီကျော်တွင် ၀င်ရောက်ရှာဖွေခဲ့ရာ ဆိုင်အ တွင်းနေထိုင်သော ရဲ
ရင့်အောင်(အလှပြင်ဆိုင် အလုပ်သမား) ၏သေတ္တာ အတွင်းရှိ CHAMP GHAR စာတမ်းပါ နက်ပြာ/မီးခိုး
ရောင် ကျောပိုးအိတ်အတွင်းမှ အလျား ၃ လက်မ၊ အနံ ၁.၇၅ လက်မခန့်ရှိ  သံဗူးဖြင့်ထည့်ထားသော (၉ မမ) ကျည် ၉ တောင့်၊ ၇.၆၂ ကျည်တစ် ထောင့်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကြည့်မြင်တိုင်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်သန်းလွင်က '' အဲဒီအလှပြင်ဆိုင်က မြေညီ
ထပ်မှာ ဖွင့်ထားတာပါ။ စိန်နဲ့ ရွှေထည်ပစ္စည်းတွေ ခိုးခံရတဲ့ အခန်းက အဲဒီအလှပြင်ဆိုင်တိုက်ရဲ့ ခုနှစ်လွှာ
က တိုက်ခန်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခိုးခံရတဲ့ ဖြစ်စဉ်ကြောင့် အဲဒီတိုက်မှာရှိတဲ့ အခန်းအားလုံး
ကို ၀င်ရောက်စစ်ဆေးခဲ့တယ်။

အဲဒီအခါမှာ အလှပြင်ဆိုင် အလုပ်သမားဖြစ်တဲ့ အမျိုးသား တစ်ယောက်ရဲ့ သေတ္တာထဲမှာ ကျည်ဆံတောင့်
တွေ တွေ့ရှိခဲ့ပါတယ်။ အဲဒီကျည်ဆန်တောင့်တွေကို မန္တလေးမှာရှိတဲ့ သူ့ရဲ့ဦးလေးဆီက ရထားတယ်လို့သိ
ရတယ်။  ကျည်ဆန်တွေက လှလို့သိမ်းထားတာပါလို့သူ့ကိုစစ်ဆေးတဲ့အခါမှာ ပြောခဲ့ပါတယ်''ဟု ပြောကြား
ခဲ့ သည်။

ကျည်ဆန်ရယူခဲ့သည့် မန္တလေးတိုင်းဒေသကြီးတွင် နေထိုင်သည့် ဦးလေးဖြစ်သူအား စုံစမ်းစစ်ဆေးရန်
 ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်များကို ကြည့်မြင်တိုင်ရဲစခန်း (ပ) ၈၂၁/၂၀၁၂၊ ပုဒ်မ- ၃၈၀နှင့် (ပ)၈၂၃/၂၀၁၂၊   လက်နက်
ပုဒ်မ- ၁၉(စ)ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက်ရှိကြောင်း သိရသည်။


Eleven Media:

No comments:

Post a Comment