Pages

Pages - Menu

Thursday, October 18, 2012

မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာဗောဓိ ညောင်ပင် အသက်ဆက်ပြီး ရှင်သန်ဆဲဟု သိပ္ပံပညာရှင်တို့ပြော..

လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ ကျော်က မြတ်စွာဘုရား ပွင့်ထွန်းခဲ့ရာ မဟာေ ဗာဓိ   ညောင်ပင်မှာ      ယနေ့ အချိန်အထိ     ဆက်လက်ရှင်သန်ကြီးထွားနေဆဲဖြစ်ေ ကြာင်းသိပ္ပံပညာရှင်များမှ       လွန်ခဲ့သည့်ကြာသပတေး နေ့ကပြောကြားလိုက်သည်။
အဆိုပါ ဗောဓိပင်မှာ အသက်ရှင်ပြီး အပြည်အဝ ကျန်းမာသည့် အနေအထား တွင်ရှိနေကြောင်းအိန္ဒိယနိုင်ငံ မြောက်ပိုင်းပြည်နယ်
ဖြစ်သည့် Uttarakhand တွင်ရှိသော Dehradun မြို့ရှိ သစ်တောသုတေသနဌာနမှ သိပ္ပံပညာရှင် နှစ်ဦး ဖြစ်သူထဲမှ တစ်ဦးဖြစ်သည့်
SubhashNautiyalဆိုသူမှ ပြောခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဗောဓိညောင်ပင်မှာ ဗုဒ္ဓဂယာတွင်ရှိပြီး အိန္ဒိယရှိဘီဟာ ပြည်နယ်တွင် ရှိနေ
ခြင်း ဖြစ်ကာ Patna မြို့နှင့် ကီလိုမီတာ ၁၀၀ ခန့် အကွာတွင် ရှိခြင်း ဖြစ်သည်။

သိပ္ပံပညာရှင်များမှာ အဆိုပါ ဗောဓိပင်မှ အင်္ဂတေအုတ်ခုံကိုဖယ်ရှားပြီးနောက စမ်းသပ်ရာမှတစ်ဆင့် ယခုလို ဖော်ထုတ်လိုက်နိုင်ခြင်း
ဖြစ်သည်။ ထိုအပြင် အဆိုပါ အင်္ဂတေခုံကို ဖယ်ရှားလိုက်ခြင်းဖြင့် သစ်ပင်အမြစ်ကို ပိုမိုပြီး အသက် ရှုခွင့် ပေးစေမည်ဖြစ်ပြီး ရှင်သန်
စေရန် အထောက်အကူ ဖြစ်စေမည်ဖြစ် သည်ဟု ၎င်းတို့မှ ပြောသည်။
 
ယခုလို မြတ်စွာဘုရား ပွင့်ထွန်းရာ ဒေသသို့ လာရောက်သူများထဲတွင် ဂျပန် နိုင်ငံမှခရီးသွားများမှာအများဆုံးဖြစ်ကြောင်း လည်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

xinhuanews

No comments:

Post a Comment