Pages

Pages - Menu

Tuesday, October 9, 2012

စီးနင်းသူများအတွက် အန္တရာယ်မရှိနိုင်သော လမ်းလျှောက်ကစားနည်း ပြည်သူ့ရင်ပြင်၌ ဖွင့်လှစ်

 
လွန်ခဲ့သော(၃)လလောက် ကစ၍ ပြည်သူ့ရင်ပြင် အရှေ့၌  ပျော်ပျော်ပါးပါးရေပေါ်လမ်း လျှောက်ရမည့် အစီစဉ်မကြာခင်လာတော့မည်ဟူသောဆိုင်းဘုတ်  ကြီးများစိုက်ထူထားခဲ့သည်။ဤ  ရေပေါ်လမ်းလျှောက်
ကစားနည်းမှာရေပေါ်ဘောလုံးအတွင်း၌၀င်ရောက်စီးနင်းကာရေပေါ်၌လမ်းလျှောက်ရမည်ဖြစ်သောကြောင့်
စီးနင်းသောသူများအဖို့လုံးဝအန္တရာယ်မရှိနိုင်အောင် စနစ်တကျစီစဉ်ထားသောကစား နည်းမျိုးအား ပြည်သူ
့ရင်ပြင်တွင် လွန်ခဲ့သော အောက်တိုဘာ(၆)  ရက်နေ့၌ ပထမဦးဆုံးစတင်ဖွင့် လှစ်ခဲ့သည်။
““အစ်မတို့က ဒီကစားနည်း  ကို လွန်ခဲ့တဲ့(၃)လ(၄)လလောက် ကတည်းကစပြီး အစီစဉ်လုပ်နေတာပါ။အရင်
တုန်းကတော့ ဒီရေ   ပေါ်လမ်းလျှောက်ကစားနည်းက ပြည်သူ့ရင်ပြင်ရဲ့ကစားနည်းတွေ ထဲမှာ မပါဘူးပေါ့။
နောက်ပိုင်းကျ မှ အစ်မတို့က အပြင်က ကစား နည်းအသစ် ဘာလေးတွေထပ် ထည့်မလဲဆိုပြီး ကြည့်ရင်း
ကြည့် ရင်းနဲ့အသစ်အဆန်းဖြစ်တဲ့ ဒီကစားနည်းကိုတွေ့ခဲ့တယ်။

အစ်မတို့ ဒီပြည်သူ့ရင်ပြင်မှာလည်း ရေကန်ကရှိပြီးသားဖြစ်တယ်။နောက်ပြီးကျယ်လည်းကျယ်တယ် ကောင်း
လည်းကောင်းတယ်။လှ လည်းလှတယ်။ဒါကြောင့်ဒီလို  ကစားနည်းမျိုးထည့်ရင်ပိုပြီး အဆင်ပြေမယ်လို့ယူဆ
တဲ့အတွက်   ဒီကစားနည်းကို စတင်အကောင် အထည်ဖော်ခဲ့တာပါ။

ဒီကစား နည်းမှာ ကစားတဲ့သူတွေအတွက်   အန္တရာယ်လုံးဝမရှိနိုင်ပါဘူး။အန္တ ရာယ်လုံးဝမရှိအောင်လည်း စ
နစ်  တကျဆောင်ရွက်ထားပါတယ်။  ပြီးတော့ အစ်မတို့အနေနဲ့ကစား မယ့်သူတွေအတွက် ဆောင်ရန် ရှောင်
ရန်အချက်လေးတွေပေါ့။  ဥပမာ-ခြောက်လအောက်ကလေး များ မစီးရ၊ခါးနာရောဂါရှိသူနဲ့ ၀က်ရူးပြန်ရော
ဂါရှိတဲ့သူတွေမစီး ရဆိုပြီး စည်းကမ်းချက်လေးတွေ   ကပ်ပေးထားမယ်

။နောက်ပြီး ဒီ ကစားနည်းက ရေနဲ့ကစားတာဖြစ်တဲ့အတွက်ကြောင့်သက်ကယ် ဘောတွေပြီးတော့အန္တရာယ်
မရှိ အောင် ဒီရေပေါ်ဘောလုံးကိုကြိုး   နဲ့လည်းဆွဲထားတယ်။တကယ်လို့ သာ အန္တရာယ်တစ်ခုခုရှိမယ်ဆိုရင်
ဒီကြိုးကနေပြန်ဆွဲတင်လို့ လည်းရပါတယ်။ပြီးတော့ ဒီမှာရှိ တဲ့လူက၀င်ပြီးတော့မှ ရေပေါ်မှာ  လျှောက်ရမှာ
ဖြစ်တဲ့အတွက် ဒီ ဘောလုံးတွေမှာ လူတစ်ယောက် ၀င်စာ ဇစ်ဆွဲတစ်ခုပါတယ်။လူမ ၀င်ခင်မှာ အစ်မတို့က ဒီဘောလုံး    ကိုလေအရင်ထိုးတယ်။နောက်ပြီး တော့ ဇစ်ဖွင့်ရင်လူက၀င်မယ်။ 

ပြီးရင် နောက်အပေါက်(၁)ပေါက်က    နေလျော့သွားတဲ့လေကို တင်း အောင်ပြန်ဖြည့်တယ်။ပြီးရင်အဲဒီလူဝင်
ထားတဲ့ဘောလုံးကို ရေထဲ ချတယ်။ ဒီဘောလုံးထဲကို အောက်စီဂျင်ထည့်ထားတဲ့အတွက် ကန့်သတ်ချိန်(၅)
မိနစ်ကနေ အလွန်ဆုံး(၁၀)မိနစ်အထိ ကန့် သတ်ထားပါတယ်။

(၅)မိနစ်က   နေ(၁၀)မိနစ်ဆိုပေမယ့်အစ်မတို့ လက်မှတ်တစ်စောင်ကို(၁၀၀၀)ပါ  လက်မှတ်(၁)စောင်ကို လူ
တစ် ယောက်ပဲစီးလို့ရပါတယ်။””ဟု ပြည်သူ့ရင်ပြင်(ကစားကွင်း)၏Marketing Manager မမအေးအေးအောင်
မှ ရေပေါ်လမ်းလျှောက် ကစားနည်းနှင့်ပတ်သက်၍ ရှင်း လင်းပြောကြားခဲ့သည်။


ညီညီအောင်
HotNewsJournal

No comments:

Post a Comment