Pages

Pages - Menu

Monday, October 22, 2012

ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထုအုံကြွကာ မီးလောင်မှုထိဖြစ်ပွား

http://arakantimes.net/burmese/images/Min%20Bar.jpg


အောက်တိုဘာလ (၂၁)ရက်နေ့ ညနေ ၉နာရီခန့်တွင် မင်းပြားမြို့နယ် ပိုက်သည်ရွာရှိ ဘင်္ဂလီများအချင်းချင်း အချင်းများကြရာမှ လူထု အုံကြွမှုဖြစ်လာကာ မီးလောင်မှုများအထိ ဖြစ်ပွားခဲ့ရကြောင်း သိရှိရ သည်။
ယင်းပိုက်သည်ရွာတွင် ဘင်္ဂလီအချင်းချင်း အချင်းများနေချိန်တွင် ပိုက်သည်ရွာမှ ဖြတ်သန်းသွားသော ရခိုင်တစ်ဦးအား လေးကွနှင့်လှမ်းပစ်ရာ နှစ်ဘက်လုံး လူထုအုံကြွမှုဖြစ်လာပြီး ရဲနှင့် လုံထိန်များလာရောက် ထိန်းသိမ်းခဲ့ကြရသည်။ ထိုသို့အခြေအနေကို ထိန်းသိမ်းနေချိန်မှာပင် ဘင်္ဂလီဘက်မှ မိမိအိမ်ကို မိမိ မီးရှို့ထွက်ပြေးသဖြင့် အိမ်ခြေ (၁၈)ဆောင် လောင်ကျွမ်းသွားခဲ့ကြောင်း သိရှိရသည်။
 
ဘင်္ဂလီတစ်ဦးကသူပိုင်တဲ့နွားတဲပုတ်လောက်ရှိတဲ့အိမ်ကိုမီးရှို့ပြီးတော့ထွက်ပြေးတယ်အဲဒီမှာမီးကဆက်တိုက်
လောင်ပြီးတော့၁၈အိမ်ပါသွားတာ။သူတို့အိမ်တွေ မီးထဲပါသွားပြီဆိုရင် သူတို့ဒုက္ခသည်အဖြစ်နဲ့ ရိက္ခာရမယ်။ အဲလိုမျိုးကြံစည်တာဖြစ်တယ်။အခုဦးလေးတို့နတဲ့ရွာနားကသရက်အုပ်ရွာဆိုတဲ့ဘင်္ဂလီရွာကိုလည်း ဦးလေး
ကိုယ်တိုင် ရောက်ဖူးပါတယ်။ 
 
ည(၇)နာရီခွဲဆိုရင်ရခိုင်တွေကဘင်္ဂလီရွာကိုဝင်ဖို့ဆိုတာဝးလာဝေးပါ။အခုကသူတို့အချင်းချင်း ကိုယ့်အိမ်ကို
မီးရှို့တာဖြစ်တယ်။ဘင်္ဂလီတွေကရခိုင်တွေဆီမှာ စပါးလည်းမရိတ်ရ၊ ကျောက်လည်းမခွဲရဆိုတာ့စီးပွားရေး
ကအဆင်မပြေတော့ဒုက္ခသည်တွေအဖြစ်နဲ့ရိက္ခာလိုချင်လို့ အခုလိုမျိုးဖန်တီးတာဖြစ်တယ်။"ဟု မင်းပြားလွှတ်
တော်အမတ် ဦးဒိုးအောင်ကျော်က ပြောသည်။
 
ယခုကဲ့သို့မလိုလားအပ်သောပြဿနာများမဖြစ်ပေါ်ရအောင် ဥပဒေစိုးမိုးရေးနဲ့ တာဝန်ရှိသူတွေဟာ အချိန်မှီ စနစ်တကျ တားဆီးဖြေရှင်းပေးသွားနိုင်ရန် အရေးကြီးကြောင်း ၄င်းက ဆက်ပြောသည်။
 
ည၁၁နာရီခွဲမှစတင်၍လောင်ကျွမ်းခဲ့သောရှို့မီးမှာနံနက်၎နာရီခန့်မှမီးငြိမ်းသတ်နိုင်ခဲ့သော်လည်းပိုက်သည်ရွာ
မှပဓိပက္ခသည်သရက်အုပ်ကျေးရွာသို့ကူးစက်ကာသရက်အုပ်ကျေးရွာမှဘင်္ဂလီများကလည်းမိမိအိမ် မိမိမီး
ရှို့ရန်ကြိုးစားနေကြသဖြင့်စစ်တပ်နှင့်ရဲများသွားရောက်ပြီးအခြေအနေများထိန်းသိမ်းနေရကြောင်း သိရှိရ
သည်။
Arakantimes

No comments:

Post a Comment