မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်ပိုင်၊ရန်ကုန်-မန္တလေး အမြန်လမ်း မကြီးေ ပါ် ၌ အောက် တိုဘာ ၁၄ ရက် နံနက်၃နာရီ၃၀မိနစ်တွင်ကားမီးလောင်သောကြောင့်သက်ဆိုင်ရာမှလာရောက်စစ်ဆေးစဉ်
မူးယစ်စိတ်ကြွ
ယာဉ်နံပါတ် ၉ဂ/၇၃၇၅
ဟိုင်းလတ် ဆပ်အမျိုးအစားယာဉ်တစ်စီးသည် မန္တလေးသို့ ဦးတည်လျက်
မောင်းနှင်
လာစဉ် မိုင်တိုင်အမှတ် ၃၀၈ အရောက်တွင် ကားမီးလောင်မှုဖြစ်ပွားရာ
တာဝန်ရှိ ရဲစခန်း နယ်ပိုင်များမှ လာ
ရောက်စစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးစဉ်
မသင်္ကာ၍ မီးလောင်ကားဘေးသို့ ရှာဖွေခဲ့ရာ ကား၏ညာဘက်ဘေး လမ်းအောက်ဘက်
တောစပ်တွင် Y.W မူးယစ်စိတ်ကြွဆေးထုပ်များကို ဖွက်ခဲ့ပြီး
ကားပေါ်လိုက်ပါလာသူများမှာ ထွက်ပြေးသွား
ခြင်းဖြစ်သည်။
ထို့ကြောင့် အမြန်လမ်းပိုင် သီးကုန်းရဲစခန်းမှ စခန်းမှူး ဦးမင်းလွင် ဦးဆောင်၍ ဒုရဲအုပ် ဦးဇော်လှိုင်မြင့်၊ တပ်
ထို့ကြောင့် အမြန်လမ်းပိုင် သီးကုန်းရဲစခန်းမှ စခန်းမှူး ဦးမင်းလွင် ဦးဆောင်၍ ဒုရဲအုပ် ဦးဇော်လှိုင်မြင့်၊ တပ်
ကြပ်ကြီး ဦးထွန်းနိုင်တို့ ရဲတပ်ဖွဲ့မှ
ရှာဖွေရာ အလုံးရေ တစ်သောင်းပါအထုပ်ကြီး ၈ ထုပ်၊အလုံးရေရှစ်ထောင်
ပါ အထုပ်
၁ ထုပ်၊ အလုံးရေ ခြောက်ထောင်ပါ အထုပ် ၁ ထုပ်နှင့် မီးလောင်အထုပ်
ပျက်ကျပြန် ကောက်ရအ
လုံးရေ ၄ ထောင် စသည်ဖြင့် သိမ်းဆည်းရရှိသည်။
ထို့နောက်တွင် အမြန်လမ်းမပိုင် ရဲမင်းကြီး ဦးနေ၀င်း၊ မိတ္ထီလာခရိုင်ရဲမှူး
ဦးမောင်မောင်မြင့်၊ မလှိုင်မြို့နယ်မှ ဒုရဲမှူး ဦးတင်မောင်မြင့်နှင့်
နေပြည်တော် မူးယစ်တပ်ဖွဲ့၊ မန္တလေး မူးယစ်တပ်ဖွဲ့တို့မှ လာရောက်၍
မူးယစ်
ဆေးများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများ သက်သေထား၍
ဆက်လက်သိမ်းဆည်းခဲ့သည်။
ယခုအခါ သီးကုန်းလမ်းပိုင်ရဲစခန်းမှ ကားမီးလောင်ပေါ့ဆမှုကို ပုဒ်မ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းနှင့်မလှိုင်
ယခုအခါ သီးကုန်းလမ်းပိုင်ရဲစခန်းမှ ကားမီးလောင်ပေါ့ဆမှုကို ပုဒ်မ၂၈၅ ဖြင့်အမှုဖွင့်ထားကြောင်းနှင့်မလှိုင်
ရဲစခန်းမှ မူးယစ်ဆေး ပုဒ်မ ၁၉/၂၁ ဖြင့် တာဝန်ယူ
အမှုဖွင့်ထားကြောင်းကို သီးကုန်းရဲစခန်းမှ တပ်ကြပ်ကြီး ဦးအုန်းကြိုင်က
သံတော်ဆင့်သို့ ပြောသည်။
မြန်မာသံတော်ဆင့်
No comments:
Post a Comment