Pages

Pages - Menu

Sunday, October 21, 2012

တောင်ပံ ဝတ်စုံဝတ် အမြင့်ခုန် ချန်ပီယံ ပြိုင်ပွဲ တရုတ် နိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပ

တောင်ပံ ဝတ်စုံ ဝတ်ဆင်၍ အမြင့်မှ ခုန်ချ ရသော ပထမဆုံး အမြင့်ခုန် ချန်ပီယံ ပြိုင်ပွဲကို တရုတ် နိုင်ငံ အလယ်ပိုင်း ဟူနန် ပြည်နယ် ကျန်းကျားကျဲ မြို့တွင် ကျင်းပ ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၅ ဦး ပါဝင် ခဲ့ပြီး ၄င်းတို့သည် ပင်လယ် ရေမျက်နှာပြင် အထက် မီတာ ၁၄ဝဝ အမြင့်ရှိ ထရန်မန် တောင် ထိပ်ဖျားမှ ခုန်ချ၍ ပြိုင်ပွဲ ဝင်ရမည် ဖြစ်သည်။
 
ပြိုင်ပွဲဝင် ၁၅ ဦး အနက် ခြောက်ဦးမှာ အမေရိကန် ပြည်ထောင်စုမှ ဖြစ်ပြီး ပြိုင်ပွဲတွင် ဓာတ်ပုံဆရာ သုံးဦးက ဓာတ်ပုံရိုက် ပေးခဲ့ကြောင်း သိရသည်။
 
ပြိုင်ပွဲ ဝင်သူများသည် အထူး ပြုလုပ်ထားသည့် ဝတ်စုံများကို ဝတ်ဆင်ထားသည့် အတွက် ၄င်းတို့သည် လေထု အတွင်းဂလိုက်ဒါများ ကဲ့သို့ ပျံဝဲနိုင်ပြီး အချိန်တို အတွင်း ပန်းတိုင်သို့ ရောက်ရှိသူသည် အနိုင်ရမည် ဖြစ်ကြောင်း သိရသည်။
 
၎င်း အမြင့်ခုန် ချန်ပီယံ ပွဲ၌ အသက် အကြီးဆုံး ဖြစ်သည့် အသက် ၅၉ နှစ် အရွယ်ရှိ အန်တိုနီ စတက်နေးနှင့် လေးကြိမ် တိုင်တိုင် ဂင်းနစ် စံချိန် တင်နိုင်ခဲ့သည့် ကိုလံဘီယာ နိုင်ငံမှ ဂျွန်နက်သန် ဖလောရင့် လည်းပါဝင် ကြောင်း၊ နယူးဇီလန် နိုင်ငံမှ လိုင်ဗီယာ မာရီ ဆိုသူ အမျိုး သမီးသည် ပြိုင်ပွဲဝင်များ အနက် တစ်ဦးတည်း သော အမျိုးသမီး ပြိုင်ပွဲဝင် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment