Pages

Pages - Menu

Wednesday, October 17, 2012

ရန်ကုန်အဝေးသင်တက္ကသိုလ် အွန်လိုင်း ဥပဒေဒီပလိုမာသင်တန်း စတင်ဖွင့်လှစ်

 
ရန်ကုန်အဝေးသင်တက္ကသိုလ်၊လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနမှဥပဒေပညာရပ်သင်ယူလိုသူများအတွက်
အွန်လိုင်းမှလေ့လာရမည့်ဘွဲ့လွန်ဥပဒေဒီပလိုမာသင်တန်းကိုနိုဝင်ဘာ၁ရက်တွင်စတင်ဖွင့် လှစ်သွားမည်
ဖြစ်သည်။ ဆယ်လကြာမြင့်မည့်သင်တန်းအတွက်ဘွဲ့တစ်ခုရရှိထားသူများတက်ရောက်နိုင်မည်ဖြစ်ပြီး သင်တန်းကြေး
မှာကျပ်ငါးသိန်း၊မှတ်ပုံတင်ကြေးကျပ်တစ်သောင်းနှင့်စာမေးပွဲကြေးကျပ်သုံးေ သာင်း ပေးသွင်းရမည်ဖြစ်
သည်။
 
“ဥပဒေပညာကို အကြောင်းအမျိုးမျိုးကြောင့် မသင်ယူလိုက်ရတဲ့သူတွေ ဗဟုသုတရဖို့ ရည်ရွယ်ပါတယ်။ ယာ
ယီအားဖြင့်ကတော့ သင်တန်းသား ၅၀ သတ်မှတ်ထားပြီး နောက်ပိုင်းမှာ တိုးခေါ်ဖို့ အစီအစဉ် ရှိပါတယ်။သင်
တန်းကို တစ်နှစ်တစ်ကြိမ် ဖွင့်လှစ်သွားမှာပါ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန ဌာနမှူး
ဖြစ်သူက ပြောသည်။ 
 
ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ရုပ်မြင်သံကြား ရိုက်ကူးရေး စတူဒီယိုတွင် ရိုက်ကူးထားသော သင်ခန်းစာ
များကို www.yudeonline.com.mm မှတစ်ဆင့် သင်ကြားပို့ချမည် ဖြစ်ပြီး သင်တန်းသားများ အနေဖြင့်အင်တာ
နက် ချိတ်ဆက်ထားသော ကွန်ပျူတာကို အသုံးပြု၍ သင်ခန်းစာများ ဖတ်ရှုလေ့လာခြင်း၊ လေ့ကျင့်ခန်းနှင့် လက်တွေ့များ ဖြေဆိုခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ 
 
ရန်ကုန်အဝေးသင် တက္ကသိုလ်အနေဖြင့် အွန်လိုင်းဒီပလိုမာ သင်တန်းကို ပထမဆုံးအကြိမ် ဆောင်ရွက်နိုင်
ခင်း ဖြစ်ပြီး ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်သည် ဒီပလိုမာနှင့်မဟာဘွဲ့သင်တန်းကိုအွန်လိုင်းမှတစ်ဆင့်သင်
ကြားပို့ချလျက် ရှိကြောင်းသတင်းရရှိပါသည်။
 
7 Day News 
 
 

1 comment:

  1. တစ်နှစ်မှ ၅၀ ယောက်ဆိုတာ အလွန်နည်းလွန်းပါတယ် ၅၀၀ လောက်တော့ခေါ်သင့်တယ် ပြီးတော့သင်တန်း အတွက်ကုန်ကျစရိတ်က ၅၄၀၀၀၀ ကျော်ဆိုတော့ များတယ်လို့ ထင်မိပါတယ်။ ကျွန်တော်တို့လို ၀န်ထမ်းတွေဟာ တက်ချင်ပေမဲ့ ကွန်ပြူတာတို့ တခြားပစ္စည်းတွေနဲ့ဆိုရင် တစ်နှစ်လုံးစာအတွက် ငွေ ၁၀ သိန်းအထက် ကုန်ကျမှာဖြစ်တဲ့အတွက် ကျောင်းဝင်ကြေး အား ၂သိန်းလောက်သာ သတ်မှတ်စေချင်ပါသည်။

    ReplyDelete