Pages

Pages - Menu

Friday, October 5, 2012

စိတ်ဓာတ်ကျခြင်းနဲ့ လူ့သဘာဝ

 
အလုပ်မှာရရှိတဲ့ဖိအားတွေ၊ဘဝနဲ့ပတ်သက်ပြီးစိတ်ကျေနပ်စရာမကောင်းတဲ့ခံစားချက်တွေ၊ကျန်းမာရေးဆိုင်
ရာ ပြဿနာတွေကြောင့် အမြဲတစေ ညည်းညူနေတတ်တဲ့သူတွေ ရှိပါတယ်။ ဒီလိုညည်းညူတတ်တဲ့ အလေ့
အထဟာ ပတ်ဝန်းကျင်ရဲ့ အခြေအနေကြောင့်၊သူတို့ထိတွေ့နေရတဲ့ လုပ်ငန်းတွေကြောင့် ဖြစ်တယ်ဆိုတာ
တကယ်တော့ မဟုတ်ပါဘူး။ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Timothy Judge ရဲ့ သုတေသနပြုချက်မှာတော့ ဒီလို ညည်းညူတတ်တဲ့ စိတ်ဓာတ်
ကျဝေဒနာဟာ ကြုံတွေ့ရတတ်တဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ လူတစ်ဦးတစ်ယောက်မှာ ပင်ကို ပါရှိ
နေတဲ့ ဗီဇကြောင့်လို့ သိရပါတယ်။ ညည်းညူတတ်တဲ့ အလေ့အကျင့်ရှိတဲ့သူတစ်ယောက်ဟာဘယ်လိုနေရာ
ပဲရောက်ရောက် အမြဲတမ်း ညည်းနေမယ်လို့ သူက ဆိုပါတယ်။ 
 
သူအနေနဲ့ အမြွာပူးပေါင်း ၆၀၀ ကျော်လောက်ကို သုတေသနပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ပတ်ဝန်းကျင်
အခြေအနေက လူတစ်ယောက်ရဲ့ ညည်းညူတတ်တဲ့အလေ့အကျင့်ဖြစ်စေဖို့အထောက်အပံ့ပေးရာမှာရာခိုင်
နှုန်း အလွန်နည်းတယ်လို့ သိလာရပါတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ချင်းဆီမှာ ပါရှိနေတဲ့ စိတ်ဓာတ်ကျ ညည်းညူတတ်တဲ့ အလေ့အကျင့်ကိုတော့ ပတ်ဝန်းကျင်က ဖျောက်ဖျက်ပေးဖို့ ခက်ပါတယ်။
 
 မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်း အားနည်းတဲ့သူတွေရဲ့ ပြုမှုလုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် ညည်းညူ
ခင်းကို သတ်မှတ်ရမှာဖြစ်ပြီး ရည်မှန်းချက် တိတိကျကျမရှိဘဲ လတ်တလော အခြေအနေကိုသာအပျက်သ
ဘောဆန်တဲ့ ရှုထောင့်ကြည့်နေတတ်သူတွေဟာလည်း ဒီလိုဝေဒနာမျိုး ခံစားရပါတယ်။ 
 
Dr.Thimothy Judge က “စိတ်ပညာအရ ပြောရမယ်ဆိုရင်တော့ လုပ်ငန်းခွင်ထဲမှာ အော်ဟစ်ဆူညံတဲ့ အလေ့
အကျင့်ရှိသူတွေဟာ စိတ်အင်အား အင်မတန် နည်းကျတဲ့သူတွေပါ။ သူတို့ဟာ တဒင်္ဂအခြေအနေကိုသာစဉ်း
စားတတ်ပြီး တိကျတဲ့ အနာဂတ် ရည်မှန်းချက်၊ ငြိမ်းချမ်းတဲ့ဘဝ တည်ဆောက်မှုပုံစံကို မသိကြတဲ့သူတွေပဲ
 ဖြစ်ပါတယ်။ ဒါဟာ စိတ်ပညာအရ ရောဂါလက္ခဏာ တစ်ခုပါပဲ” လို့ ဆိုပါတယ်။
 

By The IT Times

No comments:

Post a Comment