Pages

Pages - Menu

Tuesday, October 16, 2012

ဖီလစ်ပိုင်အစိုးရနှင့် မွတ်ဆလင်သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုး

ဖီလစ်ပိုင်အစိုးရနှင့် မွတ်ဆလင်သူပုန်များ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ရေးထိုး


ဖိလစ်ပိုင် အစိုးရသည် နိုင်ငံတောင်ပိုင်းရှိ ခွဲထွက်ရေး လှုပ်ရှားနေသော မွတ်ဆလင် သူပုန်များနှင့် ငြိမ်းချမ်း
ရေး သဘောတူညီမှု တစ်ရပ်ကို စာချုပ် လက်မှတ် ရေးထိုးခဲ့သည်။ မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်
ဦးနှင့် အစိုးရဘက်မှ ကိုယ်စားလှယ်များသည် မနီလာတွင် တနင်္လာနေ့က ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်
ရေးထိုးခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင် အစိုးရက နိုင်ငံ၏ အင်အားအကြီးဆုံး လက်နက်ကိုင် သူပုန်အဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးမှု အောင်မြင်
ခဲ့ကြောင်း ကြေညာခဲ့သည်။

နှစ်ဖက်စလုံးက ယခုသဘောတူညီချက်သည် တောင်ပိုင်းဒေသရှိ မင်ဒါနာအို ကျွန်းပေါ်တွင် အကြမ်းဖက် တိုက်ခိုက်မှုများနှင့် ဆင်းရဲမွဲတေမှုများ လျှော့ချနိုင်ရန် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ကြောင်း အသီး
သီး ကြေညာခဲ့ကြသည်။


(ဖီလစ်ပိုင်သမ္မတ ဘင်နစ်နို အကွီနို)
"တစ်ချိန်က ဘေးနားမှာ ကျည်ဆန်တွေ ပြန့်ကျဲနေတာပဲ ကြုံခဲ့ရတဲ့ သားသမီးတွေဟာ ခုချိန်မှာ လွတ်လွတ်
လပ်လပ် သစ်သီးခူးလို့ ရပြီပေါ့"ဟု ဖိလစ်ပိုင် သမ္မတဘင်နစ်နိုအကွီနို(တတိယ)ကလက်မှတ်ရေးထိုးမှုအခမ်း
အနားတွင် ပြောကြားခဲ့သည်။ "ပြီးတော့ သေနတ်သံတွေကြားမှာ ကြောက်ရွံ့နေခဲ့တဲ့ မိသားစုတွေဟာ လွတ်
လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရဲ့ ရောင်နီဦးကို ထိတွေ့ခွင့်ရပြီလို့ ယုံကြည်ပါတယ်"ဟုလည်း သမ္မတက ဆိုသည်။
(ဖီလစ်ပိုင်တောင်ပိုင်းရှိ မွတ်ဆလင်သူပုန်တပ်ဖွဲ့ဝင်များ)
မိုရို သူပုန်များက မင်ဒါနာအို ကျွန်းပေါ်ရှိ မွတ်ဆလင် ဘာသာဝင်များ ထူထပ်သော နေရာများတွင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ အခွန်လျှော့ပေါ့မှုနှင့် သဘာဝ သယံဇာတများ ရယူခွင့်တို့ကို တောင်းဆိုခဲ့သည်။ တစ်ဖက်တွင်
လည်း တပ်သား (၁၁၀၀၀)ရှိသော မိုရို အစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဦးက တဖြည်းဖြည်းချင်းစီ လူဦး
ရေ လျှော့ပေါ့ကာ လက်နက်ချပေးရန် သဘောတူညီခဲ့သည်။

ထိုလက်မှတ်ရေးထိုးမှု အခမ်းအနားတွင် နိုင်ငံ၏ အလိုအရှိဆုံး ဝရမ်းထုတ်ခံရသူလည်းဖြစ်၊ ယခင် စစ်ဘက်
ခေါင်းဆောင် တစ်ဦးလည်းဖြစ်သော မိုရိုသူပုန်အဖွဲ့ ခေါင်းဆောင် အယ်လ်ဟာ့ဂ်ျမူရက်ဒ် အီဘရာဟင်သည် သမ္မတ နန်းတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့သည်။ ၎င်းက သတင်းထောက်များအား "ဒီကို ကျွန်တော်
လာတာ ငြိမ်းချမ်းရေးကဏ္ဍ တစ်ခုတည်းအတွက်ပါ"ဟု ပြောကြားခဲ့သည်။

မိုရိုသူပုန်တို့နှင့် အစိုးရအဖွဲ့သည် (၂၀၀၈)ခုနှစ်က ငြိမ်းချမ်းရေး သဘောတူညီချက် ဆွေးနွေးခဲ့သော်လည်း ဖွဲ့စည်းပုံ ဥပဒေအရ အတားအဆီးများ ရှိနေခြင်းကြောင့် မအောင်မြင်ခဲ့ဟု သိရှိရသည်။

NY Times

No comments:

Post a Comment