Pages

Pages - Menu

Tuesday, October 23, 2012

မြောက်ဦးမြို့နယ်အတွင်း ပဋိပက္ခ ယခုချိန်ထိ တည်ငြိမ်မှုမရှိသေး သေဆုံးမှုများရှိနေ

MraukOoFire



ယနေ့သိရသော နောက်ဆုံးသတင်းများအရ မြောက်ဦးမြို့နယ်တွင် ဘင်္ဂလီတို့လက်ချက်ကြောင့် မီးလောင်မှုအနည်းဆုံး (၂)နေရာ ခန့် ဖြစ်ပွား လျှက် ရှိနေကြောင်း သတင်းရရှိသည်။ မီးလောင်မှုဖြစ်ပွားနေသောနေရာ များမှာ ယိုင်သည်ရွာနှင့် သံလွင်ရွာတို့ဖြစ်ပြီး ခလရ(၅၄၀)မှ စစ်ဖက်
ဆိုင်ရာလုံခြုံရေး အင်အား(၁၅)ယောက်စီခန့် ရောက်ရှိနေကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်မှ ပစ်ခတ်နှိမ်နှင်းမှုတစ်ချို့ရှိခဲ့ရာ (၂)ဦးဒဏ်ရာရရှိပြီး၊ (၂)ဦးသေဆုံးသွားပြီဖြစ်ကြောင်း သိရှိရသည်။
 
သေဆုံးသူများမှာ ကိုဖြူမောင်ထွီး အသက်-၃၈၊ ဘ-ဦးတောလူချေ ဆင်ယိုင်ကျေးရွာနှင့် မောင်ခိုင်ဦး အသက်-၃၄၊ ဘ-ဦးမောင်သိန်း ဆင်ဖြူတော်ကျေးရွာတို့ဖြစ်ပြီး ဒဏ်ရာရသူ (၂)ဦးကို မင်းပြားဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရှိရသည်။ 
 
"မြောက်ဦးတစ်မြို့လုံး အပြောင်းအပြန် ပြးလွှားနေကြတယ်၊ ရခိုင်အိမ်နားက ဘင်္ဂလီတွေက ကိုယ်အိမ်ကို မီးရှို့ပြီးထွက်ပြေးကြတယ်၊ လုံခြုံရေးက အလွန်နည်းနေတယ်၊" လို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ(မြောက်ဦး)မှ ဦးအေးသန်းမောင်က အာရ်ကန်တိုင်းမ်းသို့ ပြောကြားသည်။
 
မနေ့ကဖြစ်ခဲ့တဲ့ ပရိန်ရွာအကြမ်းဖက်မှုတွင် အနည်းဆုံး ရခိုင်(၅)ဦး သေဆုံးခဲ့ကြောင်း၊ မြောက်ဦးသို့ ရောက်ရှိနေသည့် ရခိုင်ပြည်နယ် စက်မှု/လျှပ်စစ်ဝန်ကြီး ဦးသာလူချေက အတည်ပြုပြောကြားသွားခဲ့သည်။ ပရိန်ကျေးရွာတွင် ရခိုင်အိမ်ခြေ(၃၀)ခန့်သာရှိပြီး ဘင်္ဂလီအိမ်ခြေ (၅၀၀)ကျော်ရှိသည်။ သေဆုံးသူထဲမှ အောင်မိုး အသက်(၃၀) (ဘီလူးကန်ရှေ့၊ မြောက်ဦးမြို့) ဆိုသူအလောင်းကိုသာ ပြန်လည်ရရှိထားပြီး ကျန်အလောင်းများမှာ ဘင်္ဂလီများ လက်ထဲတွင် ရှိနေသေးသည်။ ဒဏ်ရာရရှိသူ(၇)ဦးထဲမှ (၄)ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသမှုခံယူနေရသည်။
 
RNDP(မြောက်ဦး)မှ ဦးအေးသန်းမောင်က "ဘင်္ဂလီရွာနားက ရခိုင်ရွာတွေ တော်တော်ခံရဆိုးတယ်၊ ပြသာနာမဖြစ်ခင်တည်းက ဘင်္ဂလီတွေဟာ ညဖက်ဆိုအုပ်စုဖွဲ့ပြီး နွားတွေခိုးတယ်၊ စပါးတွေခိုးတယ်။ ဟင်းခင်း(ယာခင်း)များကိုဖျက်ဆီးကြတယ်၊ အိမ်ခြေနည်းတဲ့ ရခိုင်ရွာတွေကို ညဖက်သွားရောက်ပြီးတော့ ရန်စကြတယ်။ ဖားအော်တာဘဲသိကြတယ်၊ မြွေကိုက်တာမသိကြဘူး" ဟု ပြဿနာအရင်းခံကို အာရ်ကန်တိုင်းမ်စ်သို့ ပြောကြားသွားခဲ့သည်။
 
လက်ရှိနေရပ် အိုးအိမ်စွန့်ပစ်ပြီး ထွက်ပြေးလာသော ရခိုင်များမှာ မိမိဆွေမျိုး၊ အသိမိတ်ဆွေနေအိမ်များတွင် ခိုလုံနေကြရပြီး မြောက်ဦးမြို့ပေါ်တစ်ခုတည်းတွင် ဒုက္ခသည်တစ်ထောင်ကျော်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။
Arakantimes

No comments:

Post a Comment