Pages

Pages - Menu

Wednesday, October 17, 2012

ရမည်းသင်းမြို့က ရပ်ကွက်ဘောလုံးပွဲတွင် ဖြစ်ပွားသော ရန်ပွဲ လူအသေအပျောက်မရှိဘဲ ထိန်းချုပ်နိုင်ဟုဆို

အောက်တိုဘာ ၁၂ ရက် ရပ်ကွက်ဘောလုံးပွဲတွင် ဖြစ်ပွားသော ရန်ပွဲမှစတင်၍ လူမျိုးရေးပဋိပက္ခအသွင် သတင်းများ ပျံ့နှံ့ခဲ့သော ရမည်းသင်းမြို့မှ ရန်ပွဲအခြေအနေကို အသေအပျောက်မရှိ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရမည်းသင်းမြို့ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့ခံများကပြောသည်။
အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရမည်းသင်းမြို့နယ် ရဲတပ်ဖွဲ့သို့အောက်တိုဘာ ၁၅ရက် နံနက်
ဆယ်နာရီခန့်က ဆက်သွယ်စုံစမ်းရာ တာဝန်ကျရဲတပ်ကြပ်ကြီးတစ်ဦးက “လူအသေအပျောက်မရှိပါဘူး။ အိမ်မီးလောင်တယ်ဆိုတာလည်း တဲအိမ်လေးပေါ့။ အခု အခြေအနေတွေလည်း အေးဆေးတည်ငြိမ်နေပါပြီ
”ဟု ရှင်းလင်းပြောကြားသည်။

အထက်ပါဘောလုံးပွဲကို သွားရောက်ကြည့်ရှုခဲ့သူ လူငယ်ဘောလုံးဝါသနာရှင် ကိုဥက္ကာက “ဘောလုံးပွဲက ရှုံးထွက်အဆင့်ဆိုတော့ ဆော့ရင်းနဲ့ ပြဿနာလေးတွေ ဖြစ်ကြတယ်။ အခြေအနေမထိန်းနိုင်တော့ ပွဲပျက်
သွားတယ်။ အဲဒီမှာ ပွဲပြီးတော့ လူနှစ်ဦး အထိုးအကြိတ်ခံလိုက်ရတယ်။ အဲဒီကနေစတာပါ”ဟု ဖြစ်စဉ်အစ
ကို ပြောကြားသည်။

၎င်းအပြင် ယင်းဖြစ်ပွားမှုကို မကျေနပ်သောလူများက ပြီးခဲ့သည့် ရက်ပိုင်းက တက်လာပြီး မီးရှို့ခဲ့ကြောင်း၊ အိမ်ဘေးတစ်ခြမ်း မီးလောင်ခဲ့သော်လည်း အချိန်မီငြှိမ်းနိုင်ခဲ့ကြောင်း၊ အဆိုပါညကပင် လူနှစ်ဦးဓားထိုးခံခဲ့
ရသည်ဟု ကြားသိရကြောင်းလည်း ၎င်းက ယမန်နေ့က ပြောဆိုသည်။ ယမန်နေ့က မြို့တွင်းရှိ လမ်းဘေး
ဈေးဆိုင်များကိုမူ ပိတ်ထားကြောင်းလည်း မြို့ခံအချို့ကပြောသည်။

ထိုဖြစ်ရပ်များကြောင့် အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းထိ ဒေသခံများ ထိတ်လန့်ခဲ့ပြီး ဓားထိုးခံရသော
လူနှစ်ဦး သေဆုံးပြီဟု ကောလာဟလများ ထွက်ပေါ်ခဲ့သဖြင့် ဈေးဆိုင်အချို့ပိတ်သွားခဲ့သည်။ 
 
သို့သော် ညနေ ၄ နာရီခွဲခန့်တွင် ဓားထိုးခံရသူနှစ်ဦးမှာ သေဆုံးခြင်းမရှိပဲ ကျန်းမာလျက်ရှိကြောင်းကို မြို့
တွင်းတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာခဲ့မှသာ ဒေသခံများ၏ စိုးရိမ်မှုများ လျော့ကျခဲ့ပြီး ၎င်းတို့နှစ်ဦး
မှာလည်း အမှန်တကယ်ပင် သေဆုံးခြင်းမရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
 
ထို့အပြင် နေပြည်တော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ လာရောက်ခဲ့ပြီး အခြေအနေ ပုံမှန်ဖြစ်သွားပြီဖြစ်ကြောင်း
 ဒေသခံတစ်ဦးကပြောကြားသည်။
 
 
7days News :

No comments:

Post a Comment