Pages

Pages - Menu

Thursday, October 25, 2012

ကျောက်တော် ပဋိပက္ခ ရခိုင် (၃) ဦးသေဆုံးခြင်းသတင်း

မြောက်ဦး၊မင်းပြား၊မြေပုံနှင့်ကျောက်ဖြူမြို့နယ်တိုတွင်ဖြစ်ပွားနေသောအဓိဂရုဏ်းမှာယခုအခါ ကျောက်တော်
မို့သို့တဖန်ကူးစက်သွားပြီးမီးရှို့တိုက်ခိုက်မူများဖြစ်ပွားနေရာရခိုင်အမျိုးသား(၃)ဦးသေဆုံးသွားကြောင်းသ
တင်း ရရှိသည်။
သေဆုံးသူ(၃)ဦးထဲတွင်မွတ်ဆလင်ပိုက်သည်ရွာသားများနှင့်တိုက်ခိုက်စဉ်(၁)ဦးကျဆုံးပြီးနောက်(၂) ဦးမှာ
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ဟန့်တားပစ်ခတ်စဉ်ကျဆုံးသွားခြင်းဖြစ်သည်ဟုမျက်မြင် ဒေသခံများက ပြောကြား
သည်။
သေဆုံးသွားသူများမှာ ဦးကျော်သိန်း (ဘ) ဦးမောင်ဦးဖြူ (၃၇) နှင့် ဦးဇော်ဝင်း (ဘ) ဦးမောင်ကျော် (၃၈)နှင့် ဦးထွန်းအောင်သာ(ဘ)ဦးမောင်သိန်းညွှန့်အသက်(၄၅)နှစ်တို့ဖြစ်သည်။ဦးအောင်ထွန်းသာတွင်ရင်ဘတ်ကို
သေနတ် ကျည်ဒဏ်ရာ ထိမှန် သေဆုံးခြင်း ဖြစ်သည်ဟု ဆိုသည်။
ကျောက်တော်မြို့တောင်ဘက်တွင်တည်ရှိသောမွတ်ဆလင်ပိုက်သည်လက်ဆောင်ကောက်ရွာတွင်ရခိုင်နှင့်
မွတ်ဆလင်များအပြန်အလှန်တိုက်ခိုက်စဉ် ယနေ့နံနက် ၆ နာရီကျော်ခန့်တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း မျက်မြင် ဒေသခံများက ပြောကြားသည်။
အခု စကခ (၁၅) စစ်ဌာနချုပ် နယ်မြေမှ စစ်သားအများအပြားကို ပိုက်သည်ရွာ လက်ဆောင်ကောက် အနီးတ၀ိုက်တွင် ချထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း မျက်မြင်များက ပြောသည်။
ယနေ့နံနက်ထိပိုက်သည်ရွာမှ တက်လာသော မီးခိုးလုံးများကို မြင်ရပြီး ရခိုင်အမျိုးသားများက ကျေးရွာအနီး တ၀ိုက်တွင် ဆက်လက် စုရုံးနေကြသည်ဟု သိရသည်။
နိရဉ္စရာ - သတင်းဌာန

No comments:

Post a Comment