Pages

Pages - Menu

Monday, October 29, 2012

မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် မြန်မာနိုင်ငံဘက်မှ အမျိုးသမီး(၄)ဦးကို ထိုင်းနိုင်ငံ မယ်ကျန့် စစ်ဆေးရေးဂိတ်တွင် ဖမ်းမိ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHM34bV5JWbpIcrr3-f1gwYUSP2U7v64b8bcgo7-XPz9wC7Gsjv-kL1NLspWwvWkvE7bKURTuvBNfCogS6LNxTEXINPW53FOxqBTIglRIyLU2R0bXGs0G-IlexpvZ0DYTM1NixZeFZHYU/s1600/shwe+myanmar+group.png



အောက်တိုဘာ(၂၆)ရက်နေ့ နံနက် ပိုင်းကထိုင်းနိုင်ငံချင်းရိုင်းခရိုင်မယ် ကျန့် မြို့ရှိ စစ်ဆေးရေးဂိတ်မှာ မူး ယစ်ဆေး ၀ါးများကို သယ်ဆောင်လာ တဲ့ မြန်မာနိုင်ငံသား အမျိုးသမီးလေးဦးကို မူးယစ်ဆေး ၀ါးများနဲ့အတူ ဖမ်းဆီးရမိကြောင်းထိုင်းနိုင်ငံမီဒီယာများရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
မယ်ကျန့်မြို့ လင်းကုတ်မိန်းလမ်းမကြီးဘေးရှိ ကိုးမြို့ရှင် နတ်စင်ရှေ့က စစ်ဆေးရေး ဂိတ်မှာ ခရီး သည်များ အား ထိုင်းရဲများမှ စစ်ဆေးမှုများပြုလုပ်နေရာ မူးယစ်ဆေးဝါး များဖြစ်တဲ့ ရေခဲများကို တစ်ဦးလျှင်(၁.၅)ကီလို
နှုန်းဖြင့်ခါးနဲ့ဝမ်းဗိုက်မှာ ချီပြီး သယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးကို မူးယစ်ဆေးဝါးနဲ့အတူ ဖမ်းဆီး မိခဲ့ပါ
တယ်။

ဖမ်းဆီးရထားတဲ့ အမျိုးသမီး(၄)ဦးအား ဆက်လက်ရှာဖွေစစ်ဆေးရာမှာပန်းရောင်ကတ်ပြားဖြစ်တဲ့မြန်မာနိုင်
ငံသားစိစစ်ရေးကတ်ပြားများကို ကိုင်ဆောင်ထားသော  မြန်မာနိုင်ငံသားများ ဖြစ်တယ်လို့ သိရ ပါတယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHM34bV5JWbpIcrr3-f1gwYUSP2U7v64b8bcgo7-XPz9wC7Gsjv-kL1NLspWwvWkvE7bKURTuvBNfCogS6LNxTEXINPW53FOxqBTIglRIyLU2R0bXGs0G-IlexpvZ0DYTM1NixZeFZHYU/s1600/shwe+myanmar+group.png

မယ်ကျန့်ရဲစခန်းမှူးမှ မူးယစ်ဆေးဝါးသယ်ဆောင်လာသူ အမျိုးသမီး(၄)ဦးအား စစ်ဆေးမေးမြန်းတဲ့အခါမှာ ၎င်းတို့ဟာမန်မာစကားနဲ့သာဖြေကြပြီး၎င်းတို့အတွက်ကားလက်မှတ်နဲ့မူးယစ်ဆေးဝါးများကိုသယ်ဆောင်
ရန်အတွက်စီစဉ်ပေးတဲ့သူကမယ်ဆိုင်မြို့မှာနေတယ်လို့ဖြေကြားကြောင်း နဲ့ကားလက်မှတ်ရောင်းရာဌာန
သို့ထိုင်းရဲများမှသွားရောက်စုံစမ်းသောအခါမှာလည်းဝယ်သူ၏မျက်နှာပုံစံကိုမမှတ်မိသောကြောင့် မသိနိုင်
ကြောင်းကားလက်မှတ်ရောင်းသူကဖြေကြားပြီးနောက်မှာတော့ထိုင်းရဲများကတရားခံ(၄)ဦးကိုပဲ ဆက်လက်
စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

မူးယစ်ဆေးဝါးများကိုသယ်ဆောင်လာတဲ့ အမျိုးသမီး(၄)ဦးမှာ အသက်အရွယ်အားဖြင့် ၃၄နှစ်၊ ၃၃နှစ်၊ ၂၄နှစ် နဲ့ ၂၂နှစ်အရွယ်များသာဖြစ်ကြောင်း သိရပါတယ်။

ညနေပိုင်းမှာလည်းချင်းရိုင်း-မယ်ဆိုင်အနီးရှိကားအရောင်းအ၀ယ်ကွင်းတခုထဲကို သတင်းရရှိထားတဲ့ Toyota Tiger ငွေရောင်ကားတစ်စီးဝင်လာချိန်မှာ ထိုင်းအာဏာပိုင်များက ၀ိုင်းဖမ်းပြီး ကားအတွင်း ရှာဖွေစစ်ဆေးတဲ့
အခါမှာတော့ စိတ်ကြွရူးသွပ်ဆေးပြား ( ၅၀၀၀၀ )တွေ့ရပြီး ဖမ်းဆီးရမိသူမှာ အမျိုးသား (၄)ဦးဖြစ်ကြောင်း သိရှိရပါတယ်။

မနက်ပိုင်းနဲ့ ညနေပိုင်း နှစ်ခုစလုံးမှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးများရဲ့ ကာလတန်ဘိုးဟာ ထိုင်းဘတ်ငွေ သန်းသုံးဆယ်ခန့်ရှိကြောင်းသိရပါတယ်။
တာချီလိတ်အွန်လိုင်းစာမျက်နှာ

No comments:

Post a Comment