Pages

Pages - Menu

Tuesday, October 23, 2012

နစ်နာကြေးအတွက် ဆန္ဒထုတ်ဖော်ရန် မိုးထိမိုးမိရွှေလုပ်သားများ ရန်ကုန်သို့ ရောက်ရှိနေ


မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် မိုးထိမိုးမိဒေသရှိ ရွှေလုပ်သားများနှင့် အမျိုးသားကြီးပွားတိုး
တက်ရေး ကုမ္ပဏီနှစ်ဖက် ယခုတိုင်ပြေလည်မှုမရရှိသေးသဖြင့် ရွှေလုပ်သားများမှ ဆန္ဒထုတ်ဖော်ရန် ရန်
ကုန်တိုင်းဒေသကြီးသို့   ရောက်ရှိနေကြောင်း သိရသည်။

 ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာအာဏာပိုင်များထံသို့လည်း တရားဝင်ဆန္ဒထုတ်ဖော်ခွင့်အတွက် မကြာမီ လျှောက်ထားတော့မည်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသူ အလုပ်သမားကိစ္စရပ်များအား လိုက်လံဆောင်ရွက် ပေးနေသူ မသက်သက်အောင်ထံက သိရသည်။
 
 “ဆန္ဒပြမှာက အယောက်(၅၀)လို့ပြောတယ်။ သူတို့က လာပြီးဆန္ဒပြဖို့ လာပြောတယ်။ ရှေ့နေဦးဋ္ဌေးနဲ့
 ရေးပြီး တော့ တင်ထားတယ်။ သူတို့အခက်ခဲတွေ ပြောတယ်။ အခြေအနေ တွေ ဘယ်လိုရှိတယ် ဆိုတာကို ရုံးခန်းမှာ လာပြော သွားတယ်။ဟု မသက်သက်အောင် က ပြောသည်။
 
 ရွှေလုပ်သားများအနေဖြင့် ကုမ္ပဏီမှ လျော်ကြေးအမြန်ဆုံးပေးရန် ရမည်းသင်းတွင် ဆန္ဒထုတ်ဖော်မည့်
အရေး အကြိမ် ကြိမ်လျှောက်ထားသော်လည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးမှ ပယ်ချခဲ့ကြောင်းကို
လည်း  ရွှေလုပ်သားများထံက သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးရှိ (၈၈)မျိုးဆက်ကျောင်းသားများရုံးခန်းသို့ မိုးထိမိုးမိဒေသမှ ဦးစောနောင် အပါအ
ဝင် ရွှေတွင်း လုပ်သား (၁၂)ဦး ရောက်ရှိလာကြပြီး ၎င်းတို့ ကြုံတွေ့နေကြရသည့် ကုမ္ပဏီ၏ မျက်ကွယ်ပြုမှု
များကို လာရောက် တင်ပြကြရာ (၈၈) မျိုးဆက်ကျောင်းသားများ အဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ
ကိုအောင်သူနှင့် မသက်သက်အောင် တို့က လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီမှ ပြီးခဲ့သည့် စက်တင်ဘာလတွင် ရွှေလုပ်သားများ လုပ်ကိုင်နေ သည့် ရွှေ့ပြောင်း ထားသော ရွှေကြိတ်စက် တစ်ချို့ကို သတ်မှတ်ရက်အတွင်း ပြန်လည်လည်ပတ်ခွင့် မရသောကြောင့် စက်ပိုင် များနှင့် ဗြုန်းလုပ်သားများအနေဖြင့် အခက်အခဲများရှိနေခြင်းဖြစ်သည်။

ရမည်းသင်းမြို့ မိုးထိမိုးမိမှ ရွှေလုပ်သားများသည် (၈၈) မျိုးဆက်ကျောင်းသားများနှင့် အောက်တိုဘာလ (၂၂)ရက်   နေ့လည်းပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပြီး ၎င်းတို့၏ အခက်ခဲများကို ပြောပြကာ ဆွေးနွေးမှုအ
ချို့ ပြုလုပ်ခဲ့သည်။

အဓိကကတော့ သူတို့က နစ်နာကြေးလိုချင်တယ်။ စုံစမ်းစစ်ဆေးရေးကော်မရှင်က လာစစ်ဆေးတယ်။ စစ်ဆေးတဲ့ အပိုင်းမှာ ဖိအားပါတယ်။ ဘာမှပြောခွင့်မသာအောင် မေးခွန်းတွေနဲ့ ပိတ်ထားတယ်လို့ပြော
တယ်။ သူတို့ပြောချင်တာ က စုံညီပြော ချင်တာပါ။ ဟု ရွှေလုပ်သားများ၏ ပြောပြချက်ကို မသက်သက်
အာင်က ပြောသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်မှလည်း ရွှေလုပ်သားများအား အမြန်ဆုံးဖြေရှင်းပေးရန်ကုမ္ပဏီအား ပြောဆို
ထားသည်မှာ (၂)လခန့်ကြာမြင့်နေပြီဖြစ်သော်လည်း တစ်စုံတစ်ရာပြုလုပ်ပေးခြင်းမရှိသေးကြောင်း ရွှေလုပ်
သားများထံမှသိရသည်။


မြစ်မခသတင်း
 

No comments:

Post a Comment