Pages

Pages - Menu

Saturday, October 20, 2012

လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်တစ်စီး ဘရိတ်ပေါက်ကာ လမ်းဘေးထိုးကျလာသဖြင့် တစ်ဦးသေဆုံး

19mt1

လားရှိုးမြို့၊ ရပ်ကွက်(၂)၊ ပြည်ထောင်စုလမ်းမကြီးပေါ်၊ ရေပန်းလမ်းဆုံအနီးတွင် အောက်တိုဘာလ ၁၉ ရက်နေ့၊ နေ့လယ် ၁၂ နာရီအချိန်က သီပေါဖက်မှ မောင်းနှင်လာသော (၁၂)ဘီးကုန်တင်ယာဉ်တစ်စီးသည် ဘရိတ်ပေါက်ကာ လမ်းဘေးသို့ထိုးကျခဲ့ပြီး လမ်းဘေးလေထိုးကျွတ်ဖာဆိုင်မှ အလုပ်လုပ်နေသူတစ်ဦးအား တိုက်ကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ သီပေါဖက်မှ ယာဉ်မောင်း အောင်မျိုး၊ အသက်(၂၆)နှစ် (ဘ)ဦးဘသန်း၊ နမ့်ဆန်မြို့နယ်နေသူ
မောင်းနှင်လာသော ယာဉ်အမှတ်၂ခ/၈၈၄၉(၁၂)ဘီးကားသည် ဘရိတ်ပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ၊

 ရေပန်းလမ်းဆုံအရောက်တွင် လမ်းဘေးရှိ ကျော်လေထိုးကျွတ်ဖာဆိုင်အား တိုက်မိခဲ့ရာ ဆိုင်ရှေ့တွင်ရပ်
ထားသော ဆိုင်ကယ်(၂)စီးအား တိုက်ကြိတ်ကာ ကျော်လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် အလုပ်လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ်အား တိုက်ကြိတ်ခဲ့ကြောင်း သိရသည်။

19mt


''လမ်းက ကုန်းဆင်းကြီးဆိုတော့ ကုန်ကားကြီးက ဘရိတ်ပေါက်ပြီး အရှိန်နဲ့ဆင်းလာတာ။ တယ်လီဖုန်းတိုင်နဲ့ သစ်ပင်ကိုတိုက်ချပြီး လမ်းဘေးရေမြောင်းထဲ ကျသွားတာ'' ဟု ၄င်းအဖြစ်အပျက်ကို တွေ့ကြုံခဲ့သူက ပြောပါ
သည်။
19mt2


အဆိုပါယာဉ်သည် မူဆယ်သို့ပို့ရန် ပြောင်းအိတ်များ တင်ဆောင်လာသောကားဖြစ်ပြီး ၄င်းယာဉ်တိုက်မှု
ကြောင့် ကျော်လေထိုးကျွတ်ဖာဆိုင်ရှေ့တွင် အလုပ်လုပ်နေသော ဦးမောင်မောင်လေး အသက်(၄၅)နှစ် အ
ခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ ယာဉ်မောင်းသူမှာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း သိရ
သည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်အား ယာဉ်အားကြံ့ခိုင်မှု စစ်ဆေးခြင်းမရှိဘဲ ယာဉ်မဆင်မခြင်မောင်းနှင်သူ  ၂ခ/
၈၈၄၉(၁၂)ဘီးယာဉ်မောင်း အောင်မျိုး(ဘ)ဦးဘသန်းအား၊ လားရှိုးမြို့၊ အမှတ်(၁)ရဲစခန်းတွင် ပ/၃၈၇/၂၀၁၂
 ပြစ်မှုပ္ဒုမ ၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်ပြီး ရဲအုပ်စောဝင်းမှ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ
သည်။

Eleven Media:




No comments:

Post a Comment