Pages

Pages - Menu

Friday, October 12, 2012

ရန်ကုန်တွင် ဆာလဖျူရစ် အက်ဆစ် ပြင်းပါသော ငရုတ်ဆီထုပ်များ တွေ့

ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံနှင့် အင်းစိန်မြို့နယ်တို့ရှိ လက်လီ အရောင်းဆိုင်များတွင် ဝက်သားတုတ်ထိုးနှင့် အသုပ်စုံများ ရောင်းချရာ၌ အသုံးပြုသော ငရုတ်ဆီထုပ်များ အတွင်း ဆာလဖျူရစ် အက်ဆစ်ပြင်း အသုံးပြု ထားသည်ကို စစ်ဆေး တွေ့ရှိရကြောင်း စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က The Voice Weekly သို့ ပြောကြားသည်။
အဆိုပါ ငရုတ်ဆီထုပ်များကို စားသုံးသူ ကာကွယ်ရေး အဖွဲ့ဝင် ဓာတ်ခွဲခန်းမှူးက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး အစား အသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဌာန (FDA) စစ်ဆေးချက် လက်မှတ် ရယူထားခြင်း မရှိသည့် ပစ္စည်းများဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းငရုတ်ဆီထုပ်များထဲ၌ အသုံးပြုထားသော ဆာလဖျူရစ် အက်ဆစ်ပြင်းမှာ ဘက်ထရီများတွင် သုံးသော အက်ဆစ် အပြင်းစား ဖြစ်ပြီး သရက်ချဉ်နှင့် ချဉ်ဖတ်များ ပြုလုပ် ရာတွင်လည်း ဆာလဖြူရစ် အက်ဆစ် သုံးစွဲ လာကြကြောင်း ဓာတ်ခွဲခန်းမှူး ဦးမြင့်ဦးက ပြောကြားသည်။

အစားအသောက်များ၌ ဆာလဖျူရစ် အက်ဆစ် ပါဝင်မှုကြောင့် စားသုံးသူများမှာ ရေတိုတွင် သွေးအားနည်းခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် ရေရှည်တွင် အစာအိမ် ကင်ဆာနှင့် အသည်း ကင်ဆာ ဖြစ်ပွားနိုင်ကြောင်း ဦးမြင့်ဦး က ပြောဆိုသည်။
 
From- The Voice Weekly

No comments:

Post a Comment