Pages

Pages - Menu

Tuesday, October 9, 2012

ယနေ့ ၉.၁၀.၂၀၁၂ ရက်နေ့ နေလည် ၁း ၃၀ စစ်တွေမြို့ အခြေအနေ

ယနေ့ ၉.၁၀.၂၀၁၂ ရက်နေ့ နေလည် ၁း ၃၀ တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရဟန်သင်္ဃာများမှ ဦးဆောင်ပြီး OIC နှင့် ဘင်္ဂလားဒေံရှ်နိုင်ငံတွင် အကြမ်းဖက်မှုကို ကွန့်ကွက်သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ရန် သင်္ဃာတော် များသည် အောင်မြေကုန်ကျောင်းတိုက်တွင် စုရုံးလျှက်ရှိပါသည်။ ယခုအခါ ဒက္ခုတ်ကျောင်းတွင်လည်း မြို့တွင်ရှိ သင်္ဃာတော်များစုရုံးပြီး အောင်မြေကုန်ကျောင်းတိုက်တွင် ဆရာတော်များကို လျှောက်ထားကာ ထိုမှတဆင့် ဘင်္ဂလားဒေ့ရှ် ကောင်းစစ်ဝန်ရုံးသို့ ချီတက်ပြီး ဆန္ဒထုတ်မည်ဟု သိရှိရပြီး ထိုမှ မြို့တွင်းသို့ စီတန်လှည် လည် ကာ လမ်းမကြီးမှ ဘုရားကြီးသို့ ၀င်ရောက် ဖူးမြော်ပြီး လူစုခွဲမည်ဟု ခေါင်းဆောင် သင်္ဃာတော်တပါး မှ ပြောပြပါသည်။ အခု ဆန္ဒဖော်ထုတ်မှုတွင် သင်္ဃာသက်သက်ဖြင့် ဖော်မည်ဖြစ်ပြီး လူများကို ဘေးမှ ၀ိုင်းရံသည် စနစ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြမည်ဟု သရှိရပါသည်။ ခန့်မှန်းခြေ သင်္ဃာအပါး ၃၀၀ လောက် တက်ရောက်နိုင်မည် ဟု ခန့်မှန်းမိသည်ဟု သိရှိရပါသည်။
  Rakhine Straight Views

No comments:

Post a Comment