Pages

Pages - Menu

Wednesday, October 24, 2012

ကျောက်ဖြူမြိုရှိ အစ္စလာမ် ဘာသာဝင်အများစု နေထိုင်ရာ နေရာများ ကို မီးရှိုရန် ကြိုးစားမှု မအောင်မြင်

အောက်တိုဘာ ၂၃ ည၈နာရီတွင် ကျောက်ဖြူမြို့ရှိ ရတနာပုံနှင့် ရတနာထွန်း တည်းခိုးခန်းပိုင်ရှင်ဦးဘဘက
ဓါတ်ဆီကိုကားဖြင့် တင်ဆောင်၍အစ္စလာမ်ဘာသာဝင်များ၏အိုးအိမ်များအားမီးရှို့ရန်စတင်ကြိုးပမ်းခဲ့သည်။
ည ၈နာရီ ၀န်းကျင်ခန့်တွင် အကြမ်းဖတ်သမားများကဆိုင်ကယ်များဖြင့် လမ်းမများထက်တွင် ဓားများလွယ်
ကာဥဒဟို သွားလာနေကြသော်လည်း လုံခြုံရေး တာဝန်ယူသူများအနေဖြင့် တားဆီးခြင်းမရှိကြောင်း သိရ
သည်။

ကျောက်ဖြူမြိုရှိ အစ္စလာမ် ဘာသာဝင်အများစု နေထိုင်ရာ နေရာများ တွင် စတင် မီးရှိုရန် ကြိုးစားခဲ့သော်
လည်း အစ္စလာမ် ဘာသာဝင်များက ခုခံခဲ့ကြသဖြင့် ဗလီ သစ် အနီးမှ စတင် မီးရှို့ခဲ့သည်။ ယင်းနေရာသည် ရခိုင် လူမျိုး ဗုဒ္ဓဘာသာ ၀င်အများစု နေထိုင်ရာ နှင့် အစ္စလာမ် ဘာသာဝင်အများစု နေထိုင်ရာ နေရာနှစ်ခု ကြားနေ ရာဖြစ် သည်။

အစ္စလာမ် ဘာသာဝင် နေအိမ်များသို့ ဦးတည် မီးရှို့ခဲ့သော်လည်း မီးမှာ ရခိုင်ဗုဒ္ဓဘာသာဝင်များ နေထိုင်ရာ
နေရာများသို့ ကူးစက်သွားခဲ့သည်။ အောက်တိုအာ နံနက် ၀၀း၃၀ အထိ ဆက်သွယ် မေးမြန်းချက် များအရ
ကျောက်ဖြူမြို့ရှိ အိမ်ခြေနှစ်ရာ ၀န်းကျင်ခန့် မီးကူးစက်ပြီ ဖြစ်ကြောင်းသိရသည်။ယင်းသို့ အစုအလိုက် အပြုံ
လိုက် မီးကူးစက်မှုကြောင့် မီးသတ်ကားများ ငြိမ်းသတ်နိုင်ခြင်း မရှိကြောင်း သိရသည် 

    နောက်ဆက်တွဲသတင်း.......

ကျောက်ဖြူမှာ အခြေအနေအလွန်ဆိုးဝါးနေကြောင်း ယခုပင်သတင်းရရှိလာပါသည်။ 

တိုက်ရိုက်ဆက်သွယ်မေးမြန်းလိုသူများ မေးမြန်းနိုင်ပါရန် ၀၉၄၂၁၇၁၀၇၇၉ (အမည်မဖော်စေလိုသူ) အမျိုး
သမီးရခိုင်တွင် ယခုဖြစ်ပျက်နေသော ကိစ္စရပ်များအား မွတ်စလင်မ်များမှ သတင်းပေးမှုများမရအောင် ဆက်
သွယ်မှုဖြတ်တောက်မှုများကိုလည်း ပြုလုပ်နေပြီး မွတ်စလင်မ်များ၏ ...တယ်လီဖုန်းများကိုလည်း လိုက်လံ
သိမ်းဆည်းနေကြောင်းသိရသည်။

အနောက်ပြင် ညောင်ပြင်ကြီးမှမွတ်စလင်မ်များပိုင်သည့်တယ်လီဖုန်းများကိုလည်းစစ်တပ်မှသိမ်းဆည်းသွား
ခဲ့သည်။ (09-421714097,09-421735088, 09-421735059, 09-421741859) စသည့် တယ်လီဖုန်းနံပါတ်များ
မှာ စစ်တပ်မှသိမ်းယူသွားသည့် မွတ်စလင်မ်များ၏ တယ်လီဖုန်းများဖြစ်ကြောင်းသိရသည်။
 
MMSY(မြန်မာမွတ်ဆလင်ကျောင်းသားလူငယ်များ)

No comments:

Post a Comment