မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန်တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိခင်နှင့်လွယ်ထားတဲ့ကလေးငယ်တို့စက်တင်ဘာ၂၇ရက်နေ့က အသက်ဆုံးရှူံးသွားသည်
ဟု သိရသည်။
အဆိုပါ ကလေးအမေသည် မတူပီမြို့နယ် CawngThia ကျေးရွာမှ Pu Ten Tung ၏
ဇနီး Pi Khin Mar Htwe ဆိုသူဖြစ်ပြီးရွာတွင်ကလေးမမွေးနိုင်သောကြောင့်မတူပီပြည်သူ့ဆေးရုံသို့အတွင်းလူနာအဖြစ် လာရောက်
သူဖြစ်ကြောင်း သိရသည်။
သူဖြစ်ကြောင်း သိရသည်။
ဆရာဝန် ဦး Khin Maung Kyi က အစည်းအဝေးရှိတယ်ဆိုပြီး လူနာကို မခွဲပဲ
ထွက်သွား တာလေ၊ လူနာကို မနက်၁၀နာရီမှာခွဲဖို့ပြင်ထားတာ၊အချိန်မှီမခွဲလို့ကလေးအမေကဆုံးသွားတာနေမှာပါ ” ဟု ဒေသခံတဦး
က ပြောသည်။
က ပြောသည်။
ကလေး အမေ ဆုံးကာစတွင် ဗိုက်ထဲ ကလေးက လှုပ်နေသဖြင့် ဆရာဝန်က ကလေးကို ခွဲ ထုတ်သော်လည်း ကလေးပါ ဆုံးပါးသွားကြောင်း သိရသည်။
ထို့အပြင်ဆရာဝန်သည်နယ်တာဝန်ကျကျန်းမာရေးဝန်ထမ်းများနှင့်အပေးအယူလုပ်ပြီးအဆိုပါ ၀န်ထမ်းများ
အား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။
အား မိမိတို့ ကြိုက်နှစ်သက်သည့် နေရာတွင် တာဝန်ချလေ့ရှိကြောင်း ပြောကြသည်။
ကျတော်တို့ရွာကိုသားဖွားဆရာမမလာတာနှစ်နဲ့ချီပြီ၊ဆရာဝန်နဲ့နားလည်မှုယူထားလို့ဆိုပြီး သူ့ရွာမှာ
ပဲ အေးအေး ဆေးအေးနေနေတယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။မြို့နယ်
ပဲ အေးအေး ဆေးအေးနေနေတယ်” ဟု ဒေသခံကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် တဦးက ပြောသည်။မြို့နယ်
ဆရာဝန်သည် အလုပ်ချိန်တွင် အလုပ်ချိန်မှန်းမသိပဲ ဂေါက်ရိုက်၊
အရက်သောက်လေ့ရှိ သူဖြစ်ကြောင်း သူ့ကြောင့်ကလေးအမေတဦး ယခုလို
အဖြစ်မျိုးနဲ့ ကြုံတွေ့ခဲ့ဘူးကြောင်း ဒေသခံများအဆိုအရ သိရသည်။
Chin News group
No comments:
Post a Comment