Pages

Pages - Menu

Friday, October 5, 2012

ကမ္ဘောဇဘဏ်မှ ကျပ်သိန်းတစ်ထောင် ထုတ်လာသူ လုယက်တိုက်ခိုက်ခံရ

ရန်ကုန်၊အောက်တိုဘာ-၅ ယနေ့(အောက်တိုဘာ ၅ ရက်) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အနီးရှိ ကမ္ဘောဇဘဏ်ခွဲ
စ်ခုမှ ငွေထုတ်ပြီးပြန်လာသော အအေးခန်းစက်ရုံပိုင်ရှင် တစ်ဦးအား လုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုသို့ လုယက်မှု ဖြစ်ပွားသောကြောင့် ငွေလုယက်ခံရသူမှာ ဒဏ်ရာများရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံ
ယူနေရပြီး ၄င်းနှင့်အတူ ပါလာသည့် ငွေကျပ်သိန်းတစ်ထောင်မှာမူ လုယက်သူများနှင့် ပါမသွားခဲ့ကြောင်း ၄င်းနှင့်နီးစပ်သူ လုပ်ငန်း
ရှင်အသိုင်းအ၀ိုင်းကပြောသည်။

ယခုကဲ့သို့ ငွေလုခံရသူသည် တစ်ဦးတည်းဘဏ်မှငွေသွားထုတ်ပြီးထွက်လာချိန်တွင်၎င်းနောက်မှလုယက်သူများကကားဖြင့်နောက်
ယောင်ခံလိုက်လာပြီး ငွေကိုလုကာ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခဲ့သောကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်သည်။"အခုလို နေ့ခင်း
ကြောင်တောင်ကြီးမှာ အတင့်ရဲပြီး လုတယ်ဆိုတော့ ဒါ ဓါးပြတိုက်တာပဲပေါ့။ အဲဒီလိုဆိုတော့ ကျွန်တော်တို့တောင် ကြောက်လာပြီ
ဗျာ။ ဘဏ်တွေမှာ စောင့်ကြည့်ပြီး လုနေတဲ့သူတွေ ရှိနေပြီဆိုတာ သေချာနေပြီဗျာ"ဟုအအေးခန်းစက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။

အထက်ပါ ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် သက်ဆိုင်ရာ အာဏာပိုင်များက သွားရောက်စစ်ဆေးနေသော်လည်း ကာယကံရှင်
များက အတည်ပြုပြောကြားခြင်း မရှိပေ။ ထို့အပြင် ရဲစခန်းအသီးသီးထံတွင်လည်း အမှုဖွင့်ထားခြင်း မရှိသေးကြောင်း သတင်းရရှိ
သည်။

7DayNewsJournal

No comments:

Post a Comment