Pages

Pages - Menu

Friday, October 12, 2012

ရခိုင်တိုင်းရင်းသားဝန်ကြီးက လက်တုံ့မပြန်သင့်ကြောင်းပြော

 
၂၀၁၂ခုနှစ် အောက်တိုဘာ   (၈)ရက်နေ့ မွန်းလွဲ(၂)နာရီခန့်က   ဗုဒ္ဓသာ သနိက အဆောက်အအုံ  များကို မီးရှို့ဖျက်ဆီးခဲ့သော ဖြစ် ရပ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမှ ရဟန်းသံဃာနှင့်လူပုဂ်္ဂိုလ်များက  ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ် သံရုံး   ရှေ့တွင် ဆန္ဒဖော်ထုတ်ပွဲပြုလုပ် ရာ ပရမ်မာကြီးလူမျိုးအဖွဲ့၊ရခိုင်  အမျိုးသားကွန်ရက်၊ ရခိုင်ဂုဏ်  ရောင်အဖွဲ့ ၊လေးဝတီငြိမ်းချမ်းရေး   လူငယ်များအဖွဲ့စသော အဖွဲ့ပေါင်း  ခုနစ်ဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်ခဲ့   ခြင်းဖြစ်ကြောင်း သိရသည်။
သံဃာတော်များ က မေတ္တာ ပို့ဆုတောင်းခြင်းဖြစ်သ ည့်အတွက်    ခွင့်ပြုမိန့်တောင်း တာမရှိကြောင်း၊   သံဃာတော် များ က ဦးဆောင်ခြင်း  ဖြစ်ပြီး တစ်နိုင်ငံလုံးမှဗုဒ္ခဘာသာ ရေးခေါင်းဆောင်များက လုပ်သင့်  သည်ဟု ယူဆပြီး လူမှုရေး၊ဘာ သာရေးအဖွဲ့များက ပံ့ပိုးကူညီခဲ့ ခြင်းဖြစ်သည်ဟုသိရသည်။

““ဘင်္ဂလားဒေ့ရှ်ဖြစ်ခဲ့တဲ့ကိစ်္စ နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ  အနေဖြင့် တတ်နိုင်သလောက် လုပ်ပေးနေ တာတွေရှိပါတယ်။ ခုလိုဆန္ဒပြတာဟာ  Internation al pressure (နိုင်ငံတကာဖိအား) ဖြစ်စေပြီး ဥပဒေဘောင် အတွင်း ကပဲ ဆန်္ဒပြစေချင်တယ်။ဒီကိစ္စ နဲ့ဒီလောက်နဲ့ပဲပြီးသွားစေချင်တယ်။   လက်တုံ့ပြန်တာမျိုးမပြုသင့်ပါ ဘူး””ဟု ရခိုင်တိုင်းရင်းသားဝန်ကြီး  ဦးဇော်အေးမောင်က ပြောသည်။

ဘာသာရေးလွတ်လပ်မှုကို  လေးစားပြီး အကြမ်းဖက်သမား များအား ကမ္ဘာသိအရေးယူပေး ရန်ဆိုသည့် အချက်များပါဝင် သော တောင်းဆိုချက်များကို ဘင်္ဂလားဒေ့ရှ်အစိုးရ၊နိုင်ငံအသီး သီးမှ အစိုးရခေါင်းဆောင်
များ၊ ပါတီခေါင်းဆောင်များနှင့်ဘာသာ   ရေးခေါင်းဆောင်များထံသို့ လိပ် မူပေးပို့ထားကြောင်း သတင်းရရှိ သည်။

The Hot News

No comments:

Post a Comment