ကွန်ပျူတာရှေ့မှာ နာရီပေါင်း များစွာ အလုပ် လုပ်ရသူ တွေဟာ မျက်စိ မှုန်တာ၊
ဝါးတာ၊ မျက်ရည်ပူ ကျတာ
၊ ခေါင်း ကိုက် တာ၊ ဇက်ကြောတက် နောက်ကြောထိုးတာ
စတဲ့ရောဂါ လက္ခဏာ တွေကို အနည်းနဲ့ အများ ခံ
စားရ တတ်ပါတယ်။ ဒါကြောင့်
လုပ်ငန်းခွင် မှာ နာရီပေါင်းများစွာ ကွန်ပျူတာအသုံး ပြုရသူတွေအတွက်
အဲဒီ
လိုရောဂါ ဝေဒနာတွေကို သက်သာ လျော့နည်းစေပြီး သင့်တင့်မျှတတဲ့
ကွန်ပျူတာသုံး ချိန်ဖြစ်အောင် ကူညီ
ပေးမယ့် Software လေးတစ်ခုကို မိတ်ဆက်
ပေးချင်ပါ။
Eye Defender ဟာ ကွန်ပျူတာ ရှေ့မှာ နာရီပေါင်းများစွာ
အလုပ်လုပ်ရ သူတွေအတွက်အမြင်အာရုံ မထိခိုက်
စေဖို့ မျက်စိအနားရအောင် သတိပေး
မယ့် Software လေးတစ်ခုပါ။ ကွန်ပျူတာ အသုံးပြုသူ တစ်ယောက်ကို
သတ်မှတ်
ထားတဲ့ အချိန်တိုင်းမှာ ခဏ တာအနားယူဖို့ သတိပေးမယ့်သူ့ရဲ့ လုပ်ဆောင်ချက်ကရိုးရှင်း ပြီး အ
သုံးတည့် လှပါ တယ်။
Eye Defender ကို Install လုပ်ပြီး
Run လိုက်တာနှဲ့System tray ထဲမှာ နေရာယူလိုက်ပြီး သတ်မှတ်ထားတဲ့
နား
ချိန်ရောက်တာနဲ့ ကြိုတင်ထည့်သွင်းထားတဲ့ ဓာတ်ပုံတွေနဲ့ Slide Show
ပြသပေးခြင်း၊ မျက်စိကို အနားရ စေ
မယ့် လေ့ကျင့်ခန်းစတင်ပေး ခြင်း၊
ကိုယ့်စက်ရှဲ့Screensaver ကို ပြသပေးခြင်း၊ ဒါမှမဟုတ်System tray နေရာ
ကနေ
သတိပေးစာတန်းလေးနဲ့ သတိပေးခြင်း စတာမျိုးတွေကို လုပ်ဆောင်ပေးမှာပါ။
ဒါ
ဆိုရင် Eye Defender ကိုသုံးပြီး ဘယ်လောက်ကြာကြာ အလုပ် လုပ်မယ်၊ ပြီးရင်
ဘယ်နှမိနစ်လောက် အ
နားယူမယ်ဆိုတာကို စိတ်ကြိုက် ချိန်ညှိထားနိုင်ပါပြီ။ Eye
Defender ကိုအခမဲ့ရယူနိုင်ပြီး ဖိုင်ပမာဏက လည်း
သေးငယ် လှတာမို့ ကနေ
အလွယ်တကူ ဆွဲချ ရယူနိုင်ပါလိမ့် မယ်။
ဒီမှာယူလိုက်ပါ
နည်းပညာများလေ့လာပြီး ပြန်လည်မျှဝေနိုင်ပါစေဗျာ................
No comments:
Post a Comment