Pages

Pages - Menu

Monday, October 22, 2012

ရခိုင်ပြည်တွင် ဘင်္ဂလီများကျူးကျော်နယ်မြေလုနေခြင်းသာဖြစ်ကြောင်း ရွှေည၀ါဆရာတော် အမာရီလိုတွင်မိန့်ကြား

Shwe Nya War day 1



အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာကျောင်းတိုက်တော် အတွင်းတွင် အောက်တိုဘာလ (၂၀) ရက်နေ့မှ (၂၁)ရက်နေ့အထိ နှစ်ရက်တိုင်တိုင်ကျင်းပမည့်အထူးဓမ္မ
ပူဇာ ဓမ္မသဘင်၌ ယနေ့ ပထမနေ့ တွင် ဓမ္မာစရိယ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော် ဘဒ္ဒန္တပညာသီဟက "ငါးပါးမမှောက်ကြစေနဲ့ " သစ္စာတရားရေအေး ပထမပိုင်းကို ညနေ (၃)နာရီတွင် စတင်ဟောကြားခဲ့ကြောင်း သတင်းရရှိသည်။
ညနေ(၄)နာရီခန့်အချိန်တွင် ပြုလုပ်သော အဆိုပါ တရားပွဲတော်တွင် ရွှေညဝါဆရာတော် ဦးပညာသီဟက လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်ပြီး ဟောပြောသွားရာတွင် ရခိုင်ပြဿနာမှာ အမျိုးဘာသာ သာသနာအရေးဖြစ်ကြောင်း ဟောပြောခဲ့သည်။
 
"ကမ္ဘာမှာ ဘုန်းဘုန်းတို့ မြန်မာတိုင်းရင်းသားတွေဟာ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်ဘာသာ သာသနာနဲ့ ငြိမ်းချမ်းစွာနေထိုင်ခဲ့ကြတဲ့လူမျိုး၊ ဘယ်တုန်းကမှ မကြားဖူးခဲ့တဲ့ ရိုဟင်ဂျာဆိုတဲ့ ဘင်္ဂလီတွေ တာလီဘန်တွေက ဘုန်းဘုန်းတို့ လူမျိုး၊ ဘုန်းဘုန်းတို့နိုင်ငံမှာ လာပြီးလူပါးဝတယ်၊ ကျူးကျော်တယ်၊ လက်ဝါးကြီးအုပ် ဗိုလ်လုပ်ချင်ကြတာဖြစ်တဲ့အတွက် ဘုန်းဘုန်းတို့ တစ်မျိုးသားလုံးက ညီညီညွတ်ညွတ်နဲ့ အမျိုးဘာသာ သာသနာရေးအတွက် ဆန့်ကျင်တော်လှန်ကြရမှာဖြစ်တယ်" ဟု ဆရာတော်က မိန့်တော်မူသည်။
 
လက်ရှိမြန်မာတစ်နိုင်ငံလုံးနီးပါးတွင် အိုအိုင်စီ ရုံးဖွင့်လှစ်ရေးကိစ္စနဲ့ပတ်သက်၍ ရဟန်းသံဃာများနှင့် ပြည်သူများ ဆန့်ကျင်ဆန္ဒပြပွဲများ ဆက်တိုက်ပြုလုပ်နေခြင်းကို အသိတရား သတိတရားများ လက်ကိုင်ထားကာ တရားသဖြင့် ငြိမ်းငြိမ်းချမ်းချမ်း ပြုလုပ်ကြဖို့နှင့် လက်ရှိအစိုးရထဲတွင် နောက်ပြည်လှည့်ချင်သည့် အုပ်စုများ၏ နိုင်ငံရေးထောင်ချောက်ထဲသို့ အလွယ်တကူ မဆင်းသက်မိဖို့အတွက် မည်သည့်အကြမ်းဖက်မှုများကိုမှ မပြုလုပ်ကြဖို့ကို ဆရာတော်က ယခုလို သတိပေး မိန့်ကြားသည်။
 
"ဘုန်းဘုန်းတို့ တိုင်းပြည်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များကို ဘုန်းဘုန်းတို့က ဘာကိုကိုင်ပြီး တောင်းပန်ရမှာလဲ၊ ဘယ့်နှယ် ဘာတွေသွားသဘောတူပြီး လက်မှတ်တွေထိုးကာ ဘာတွေလက်ခံပစ်ခဲ့လဲ မသိဘူး၊ ခုတော့ တစ်နိုင်ငံလုံးက ဆန္ဒတွေ ထုတ်ဖော်ပြနေကြပြီ၊ ပြသာပြ တရားသဖြင့်ပြတာ အကြမ်းမဖက်ကြနဲ့ ၊ အကြမ်းဖက်ရင် နိုင်ငံရေးက ထောင်ချောက်တွေဆင်ထားတာ ဖြစ်နိုင်တဲ့အတွက် မပါးနပ်ရင် မိအေးနှစ်ခါနာဆိုသလို အာဏာရှင်လက်အောက် ဘုန်းဘုန်းတို့ ပြန်ရောက်သွားမယ်။ အခုလက်ရှိအစိုးရထဲမှာ နိုင်ငံရေးနောက်ကြောင်း ပြန်လှည့်ချင်တဲ့သူတွေက ရှိကိုရှိနေကြတာပဲ" ဟု မိန့်သည်။
 
အမျိုးဘာသာ သာသနာနှင့် အမျိုးသားရေးအခန်းကဏ္ဍများတွင် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ဦးဝီရသူမှာမိမိထက် တက်ကြွပြီး လုပ်ရည်ကိုင်ရည် အလွန်ကောင်းကြောင်းကိုလည်း ရွှေညဝါဆရာတော်က "ငါးပါးမမှောက်ကြစေနဲ့ " သစ္စာတရားထဲတွင် ထည့်သွင်းထုတ်ဖော် ချီးကျူးတော် မူခဲ့သည်။
 
အဆိုပါတရားပွဲကိုအမာရီလိုမြိုမန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်းက ဦးဆောင်ဦးရွက်ပြုလုပ်ကာ မြန်မာ
တိုင်းရင်းသားများမိသားစုပံ့ပိုးကူညီမှုဖြင့်စည်ကားသိုက်မြိုက်စွာ ကျင်းပနေခဲ့ခြင်းဖြစ်သည်။
 
 အောက်တိုဘာလ(၂၀)ရက် စနေနေ့ ပထမရက်တွင် ပြုလုပ်သောအဆိုပါ တရားပွဲတော်သို့ အမာရီလိုမြို့ တစ်ဝိုက်မှဗုဒ္ဓဘာသာဝင်လူပေါင်း(၂၀၀)ရာနီးပါးတက်ရောက်ခဲ့ပြီးတရားပွဲတော်ကို ညနေ(၆)နာရီကျော်တွင် ရပ်နားထားခဲ့သည်။
Arakantimes

No comments:

Post a Comment