စစ်ကိုင်းတိုင်း၊မုံရွာခရိုင်လက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းအနီးအနားကလယ်မြေတွေမှာ
တရုတ်နိုင်
ငံသားပိုင်မြန်မာဝမ်ပေါင်ကုမ္ပဏီ ဖက်က အဆောက်အဦးတွေ နေ့ ည ဆက်လက်
ဆောက်လုပ်နေတာကို ရပ်ဆိုင်းပေးဖို့ အောက်တိုဘာလ ၂၇ ရက် မနက်ပိုင်းက
ဒေသခံ (၅၀၀)နီးပါးဟာ အဲဒီအဆောက်အဦးတွေ
ဆောက်လုပ်နေတဲ့နေရာကို
သွားရောက်တားမြစ်ခဲ့ကြပါတယ်။အဲဒီလို သွားရောက်တားမြစ်နေစဉ်အတွင်း အချိန်ပိုင်းလောက်မှာပဲ ကုမ္ပဏီဖက်က လုံခြုံရေး ရဲဝန်ထမ်း(၃၀)
ကျော်နဲ့ သွားရောက်တားမြစ်တဲ့ ဒေသခံတွေကြား အဓိကရုန်းဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
အဲဒီလို အသိမ်းခံထားရတဲ့ လယ်မြေတွေပေါ်မှာ အဆောက်အဦးတွေ နေ့စဉ်ရက်ဆက်
လာဆောက်နေတဲ့ အတွက်ဆောက်လုပ်နေတာတွေမရပ်မချင်းအသေခံတားမြစ်သွားမယ်လို့ဆည်တဲဒေသခံ ရွာသူတစ်ဦးက
ပြောပါတယ်။
ဒီအတောအတွင်းလက်ပန်းတောင်းတောင်ကြေးနီစီမံကိန်းကထွက်လာတဲ့ မြေစာတွေကို ကျော်ရွာအနီးအနား
ကလယ်မြေတွေမှာသွားရောက်စွန့်ပစ်တဲ့အတွက်ဒေသခံ(၂၀၀)နီးပါးလောက်သွားရောက်တားမြစ်ခဲ့ကြတယ်
လို့ သိရပါတယ်။
RFA(Burmese)
No comments:
Post a Comment