Pages

Pages - Menu

Saturday, October 20, 2012

တိုင်းရင်းသားဝန်ကြီးများ၏ လစာပြင်ဆင်ရန် လွှတ်တော်က အတည်ပြု

ပဉ္စမပုံမှန်အစည်း ဒုတိယမြောက် အမျိုးသားလွှတ်တော်အစည်းအဝေး တွင် သမ္မတရုံးမှ တင်သွင်းလာသည့်တိုင်းရင်းသားရေးရာဝန်
ကီးများ၏ လစာနှင့်ပတ်သက်သော ဥပဒေဟောင်းပြင်ဆင်ရေး အဆိုအားေ ဆွးနွေးရန်အတည်ပြုခဲ့ကြောင်း သိရသည်။
“တိုင်းရင်းသားရေးရာဝန်ကြီးတွေရဲ့ အဆောင်အယောင်အခမ်းအနား လစာနဲ့ပတ်သက်တဲ့ဥပဒေ အဟောင်းကိုပြင်ဖို့ ပြည်ထောင်စုဝန်ကြီးကနေ အဆိုတင်သွင်းတယ်။ အဲ့ဒါကို ဆွေးနွေး ဖို့အတည်ပြုတယ်။” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်ကပြောသည်။
၎င်းအဆို ဆွေးနွေးခြင်းအား အောက်တိုဘာ(၂၂)ရက်နေ့တွင် ကျင်းပသော အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုလည်း အောက်တိုဘာ(၂၂)ရက်နေ့တွင် ပြန်လည်စတင်သွားမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ဘားဂျက်သုံးငွေနှင့် ပတ်သက်၍ ဆွေးနွေးရန် ရှိနေခြင်းကြောင့် အမျိုးသား လွှတ်တော်တွင် ဆွေးနွေးမည့်အဆိုအား ပြည်ထောင်စုလွှတ်တော်ဘားဂျက်ကိစ္စ ဆွေးနွေးပြီးမှ သာ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်ဝိုင်းကြည်က ဆက်ပြောသည်။

ယနေ့ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် မေးခွန်းအချို့နှင့် အဆိုတစ်ခုသာတင်သွင်း ခဲ့ပြီး လွှတ်တော် စောစီးစွာပြီးဆုံးခဲ့သည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက ဆိုသည်။

“စီးပွားရေးပိတ်ဆို့တဲ့အချိန်က နစ်နာခဲ့တဲ့အရာအတွက် အထူးအခွင့်အရေးပေးဖို့အဆိုက ဆွေးနွေး ဖို့ နောက်ကျနေတဲ့အတွက် မှတ်တမ်းပဲ တင်ထားလိုက်တယ်။ သူ့အဆိုက ဇွန်(၁၉)ရက်နေ့က တည်းက တင်ထားတာ အခုမှဆွေးနွေးတော့ အရမ်းနောက်ကျနေပြီလေ။ “ ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။

ပြည်သူ့လွှတ်တော်တွင် နည်းပညာအထက်တန်းကျောင်းများ ဖွင့်ပေးနိုင်ခြင်း
ရှိ/မရှိ၊ လိုင်စင်မဲ့ကား များအတွက် နစ်နာသူများအား ကားပါမစ်ပေးခြင်းရှိ /မရှိနှင့် ဆေးတက္ကသိုလ်များတွင် ဆေးပညာ ဆိုင်ရာကျင့်ဝတ်များကို ဘာသာရပ်တစ်ခုအနေဖြင့်သင်ကြားပေးနိုင်ခြင်းရှိ/မရှိတို့ကို မေးမြန်းခဲ့
သည်ဟု ၄င်းက ဆက်ပြောသည်။

မြစ်မခသတင်း

No comments:

Post a Comment