Pages

Pages - Menu

Monday, October 8, 2012

စစ်တွေ အောင်မင်္ဂလာရပ်ကွက် လုံခြုံရေး တိုးမြှင့်ချထား

စစ်တွေမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့သည့် အောင်မင်္ဂလာ ရပ်ကွက် လမ်းအစမှ အဆုံး ပိတ်ထား ကာ လုံခြုံရေးတပ်များ တိုးမြှင့်၍ ချထားကြောင်း ရခိုင်ဒေသခံ တစ်ဦးက ပြောသည်။
“စစ်တပ်ရော ရဲပါ အယောက် ၃၀ လောက် ချထားတာ၊ ရပ်ကွက် တစ်ခုလုံးကို ဖြတ်သန်းခွင့် မပြုတော့ဘူး” ဟု ၄င်းကပြောသည်။ ယမန်နေ့က ဗလီဝင်းအတွင်း နေအိမ်တစ်လုံး မီးလောင်မှုမှာ အဆိုပါရပ်ကွက် အတွင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်
သည်။

၎င်းမီးလောင်မှု ဖြစ်ပွားခဲ့သည့် နေအိမ်မှာ ဗလီခြံဝင်းအတွင်း ရှိနေအိမ် တစ်လုံးဖြစ်ပြီး ယင်းဗလီမှာလည်း ၀င်ခွင့်ပိတ် ထားသည်ဟု သိရှိရသည်။

အဆိုပါမီးလောင်မှု မဖြစ်ပွားခင် တစ်ရက်အလိုကပင် ယင်း ဗလီဝင်း အတွင်းသို့ မွတ်စလင်ဘာသာဝင်လူမျိုး
ခား (၁၀)ဦးခန့်မှ ၄င်းတို့၏ ဘာသာရေး စာအုပ်များ ကျန်ရှိသည် ဟုဆိုကာ ဗလီဝင်း အတွင်း ၀င်ရောက်ခဲ့ သည်ဟု ဒေသခံများ တွေ့ရှိခဲ့သည်ဟု ရခိုင်ဒေသခံ ၀ံလက်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
 
  The Street View

No comments:

Post a Comment