Pages

Pages - Menu

Monday, October 22, 2012

ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက်လာခြင်းကြောင့် ဒေသခံများ စိုးရိမ်

 
ကလေးမြို့နယ်အတွင်း ခိုးဝင်ဘင်္ဂါလီများ အဆက်မပြတ် ၀င်ရောက် လာခြင်းကြောင့် ဒေသခံများ စိုးရိမ်မှု
များ ဖြစ်ပေါ်လျက်ရှိသည်ဟု သိရှိရပါသည်။''ကလေးမြို့နယ်အတွင်းကို စက်တင်ဘာလကနေစပြီး အခုအ
ချိန်အထိ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ မိတာ လေးကြိမ် ရှိပါပြီ အာက်တိုဘာလ ၂၀ ရက်နေ့ညကပဲ ခိုးဝင်ဘင်္ဂါလီအမျိုးသမီး တစ်ဦး မိတယ်။ စက်တင်ဘာလ ၁၆ရက်နေ
့ ကနေပြီး ဒီကနေ့ အထိ တစ်လကျော်ကျော်ကာလအတွင်းမှာ ၃၁ ယောက် ရှိပါပြီ ။

ဒါ့ကြောင့် ဒေသခံတွေကို ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်း သတင်းပေးနိုင်အောင် အသိပညာ
ပေခြင်းလုပ်ငန်းတွေကို တချို့ အဖွဲ့အစည်းတွေက ဆောင်ရွက်နိုင်ပါတယ်ဥပဒေနဲ့ဆန့်ကျင်ပြီး ၀င်ရောက်
လာသူတွေကို ချင်းတောင်ခြေဒေသကနေ ဖြတ်သန်း ၀င်ရောက်လာရင် သူတို့ကို ဖမ်းဆီး ဆောင် ရွက်နိုင်
အောင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေကိုအကြောင်းကြားရမယ်ဆိုတဲ့အသိရအောင်ပြောဆိုကြတာပါ ။ 
 
ဒီလိုဥပဒေနဲ့ မညီပဲ ခိုးဝင်လာတဲ့ ဘယ်လိုလူ မဆို နိုင်ငံတွင်း မှာ လက်မခံ နိုင်ပါဘူး '' ဟု ကလေးမြို့ဒေသ
ခံတစ်ဦးက ပြောကြားခဲ့ပါသည်။

ကလေးမြို့နယ် အတွင်း ဘင်္ဂါလီလူမျိုးများ ခိုးဝင်လာသည်မှာ ရက်သတ္တသုံးပတ် ဆက်တိုက်အတွင်း ဖမ်းဆီး ရရှိခဲ့ပြီး အောက်တိုဘာလ၂၀ ရက်နေ့ ညပိုင်းတွင်ခိုးဝင်လာသူဘင်္ဂါလီလူမျိုးအမျိုးသမီးတစ်ဦးကိုကလေးမြို့
ဗိုလ်ချုပ်လမ်း ဗလီကျောင်းအနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု သိရှိရပါသည်။

''အောက်တိုဘာ ၂၀ ရက်နေ့ ညပိုင်းမှာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ၊ မြို့မဈေး ၊ ဗလီ ကျောင်းအနီးမှာ ခိုးဝင်
ဘင်္ဂလီအမျိုးသမီး မနိုအာရှား (အဘ) ဦးဆောမီးအူးလာ ၊ ရွက်ညော်တောင်ရွာ ၊ ဘူးသီးတောင်မြို့နယ်ကို
 ဖမ်းဆီးစစ်ဆေး နေပါတယ်''ဟု ကလေးမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။

''ပြည်သူလူထုအနေနဲ့လည်း ဒီလိုခိုးဝင်လာသူတွေ ဖမ်းဆီးရရှိမိအောင် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ
နဲ့ ပူးပေါင်း သတင်းပေးဆောင်ရွက် သင့်ပါတယ်''ဟု ကလေးခရိုင်မှ ရွေးကောက်ခံ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိန်းလှိုင်က ပြောကြားခဲ့ပါသည်။


Eleven Media Group

No comments:

Post a Comment