အမေရိကန် နိုင်ငံ၊ ဝစ်ကွန်ဆင် ဒေသရှိ အလှပြင်ဆိုင် တစ်ခုတွင်
သေနတ်သမား တစ်ဦးက လူ(၃)ဦးကို ပစ်
အမေရိကန် နိုင်ငံ၊ ဝစ်ကွန်ဆင် ဒေသရှိ
အလှပြင်ဆိုင် တစ်ခုတွင် သေနတ်သမား တစ်ဦးက လူ(၃)ဦးကို ပစ်
သတ်ပြီး မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ မစ်ဝေါ့ကီရှိ အလှပြင်ဆိုင်သည်အဆို
ပါ သေနတ်သမား၏ ဇနီးဖြစ်သူ အလုပ်လုပ်နေသော နေရာလည်း ဖြစ်သည်။
တနင်္ဂနွေနေ့က အသက်(၄၆)နှစ်ရှိ ရက်ကလစ်ဖ် ဟောက်တန်သည် လူ(၃)ဦးကို ပစ်သတ်ကာ လူ(၄)ဦးကို ဒဏ်ရာ ရစေခဲ့သည့်နောက် မိမိကိုယ်ကိုယ်ပါ အဆုံးစီရင်သွားကြောင်း ရဲများက ပြောကြားခဲ့သည်။
၎င်းသည် ယခုပစ်ခတ်မှု မတိုင်မီ (၂)ပတ်ကလည်း ဇနီးဖြစ်သူ၏ ကားတာရာများကိုလှီးဖြတ်ထားကြောင်းစွပ်
စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရသေးသည်။ ရက်ကလစ်ဖ်သည် ဇနီးသည်အား ရန်ပြုမှုအတွက် သတိပေးခံထားရသ
လို ၎င်းကိုင်ဆောင်ထားသည့် လက်နက်ကို အပ်နှံရန် ယခုလအတွင်း အမိန့်ချမှတ် ခံထားရသေးသည်။
အခုဖြစ်စဉ်က အိမ်တွင်းပြဿနာနဲ့ ဆိုင်မယ် ထင်ပါတယ်"ဟုဘရွတ်ဖီးလ်
ရဲတပ်ဖွဲ့ အကြီးအကဲ ဒန်နီရယ်လ်
တူရှာအက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။ Azana Salon & Spaတွင် ပစ်သတ်ခံရသူ (၃)ဦး
လုံးသည် အမျိုးသမီးများ ဖြစ်ကြကြောင်းလည်း တူရှာအက်စ်က ဆိုသည်။
သေဆုံးသူများ စာရင်းတွင် ရက်ကလစ်ဖ်၏ ဇနီးဖြစ်သူ ပါမပါကိုလည်း ရဲက တိတိကျကျ သတင်းမထုတ်ပြန်
ခဲ့ချေ။ ယခုကိစ္စသည် အမေရိကန်ရှိ အလှပြင်ဆိုင် တစ်ခုတွင် ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖြစ်ပေါ်သော ပစ်ခတ်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ကြာသပတေးနေ့ကလည်း သေနတ်သမား တစ်ဦးသည် ဖလော်ရီဒါရှိ အော်လန်ဒို အရပ်မှ အလှပြင်ဆိုင်တစ်
ဦးကို ဝင်ရောက်ပစ်ခတ်ရာ အမျိုးသမီး (၃)ဦး သေဆုံးပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ဒဏ်ရာရသွားခဲ့သည်။
ထိုသူသည်လည်း အခင်းဖြစ်ရာ နေရာမှ ထွက်ပြေးသွားပြီး အနီးရှိ နေအိမ်တစ်ခုရှေ့တွင် မိမိကိုယ်ကိုယ် ပစ်
သတ်ခဲ့သည်။ ထိုသူမှာ ဇနီးဖြစ်သူနှင့် ဝေးဝေးနေရန် တရားရုံးမှ အမိန့်ထုတ်ပြန်မှု ခံထားရသည်။
ဝစ်ကွန်ဆင်တွင် ဖြစ်ပွားသော ယခုပစ်ခတ်မှုမှာလည်း ရက်ကလစ်ဖ်သည် ဇနီးသည်ကို အဓိက ရည်ရွယ် လုပ်ကြံခြင်း ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသွားသည်။
Ref: Reuters ,Planet Myanmar Network:

No comments:
Post a Comment