Pages

Pages - Menu

Saturday, October 20, 2012

အောက်တိုဘာလ ၂၁ ရက်နေ့ ဒဂုံဆိပ်ကမ်း စက်မှုဇုံ စက်ရုံ၆ရုံအလုပ်သမားများ လုပ်ခလစာတိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်တွင်းခွဲခြားဆက်ဆံ ခံရမှု စုပေါင်းဆန္ဒဖော်ထုတ်မည်

လုပ်ခလစာ တိုးမြှင့်ရေးနှင့် လုပ်ငန်းခွင်အတွင်းခွဲခြားဆက်ဆံခံ ရမှုများ ပပျောက်ရေးအတွက် ဒဂုံဆိပ်ကမ်းစက်မှုဇုံမှ စက်ရုံ ၆ရုံရှိ အလုပ်သမား များ စုပေါင်း၍ အောက်တိုဘာလ ၂၁ ရက်နံနက် ၉နာရီတွင် ဆန္ဒဖော် ထုတ်မှုပြုလုပ်မည်ဟု သိရသည်။
ဒဂုံဆိပ်ကမ်းစက်မှုဇုံရဲစခန်းမှ ခွင့်ပြုမိန့်ကျပြီးဖြစ်သဖြင့် နီလာစတားစက္ကူစက်ရုံ၊MMMအာရှ နဂါးအထည်ချုပ်စက်ရုံ၊ လမင်းအထည်ချုပ်စက်ရုံ၊Beautiful wood သစ်အချောထည်စက်ရုံ၊HK ပလတ်စတစ်စက်ရုံ၊ ကြယ်စင်စိုင်းအထည်ချုပ်စက်ရုံ များမှ သမဂ္ဂ၆ဖွဲ့မှ ပူးပေါင်းဆန္ဒဖော်ထုတ်မှုကို စက်မှုဇုံရှိ ကနောင်မင်းသားကြီးလမ်းတွင် ပြုလုပ်မည်ဟု အလုပ်သမားခေါင်းဆောင် ကိုကျော်မျိုးကပြောသည်။ 
 
ပေါ်ပြုလာမြန်မာ

No comments:

Post a Comment