Pages

Pages - Menu

Friday, October 19, 2012

ယနေ့နံနက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဝီလျံ ဂျိုးဇက်ဘန်းနှင့် သူရဦးရွှေမန်းတို့တွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်ပြည်သူ့လွှတ်တော်ကော်မတီများမှဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့် လွှတ်တော်ရုံးမှ
တာဝန်ရှိသူများနှင့်အတူယနေ့နံနက်ပိုင်းတွင်အမေရိကန်ပြည်ထောင်စုဒုတိယနိုင်ငံခြားရေး ဝန်ကြီးမစ္စတာဝီလျံဂျိုးဇက်ဘန်းအား
 နေပြည်တော်ရှိလွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဧည့်သည်တော် ဒုတိယနိုင်ငံခြားရေး ဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်လည်း တက်ရောက်ပြီး တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ၊ စီးပွားရေးပြုပြင်
ပြောင်းလဲမှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များနှင့် ဥပဒေရေးဆွဲနေမှုများ၊ 
လွှတ်တော်ရေးရာကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြသည်။
 
 
 မြ၀တီသတင်း

No comments:

Post a Comment