Pages

Pages - Menu

Thursday, October 4, 2012

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ အမည်ခံအဖွဲ့အတုပေါ်ပေါက် နေခြင်းကို စုံစမ်းစစ်ဆေးမှုများပြုလုပ်သွားမည်



တနသာင်္ရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင်၈၈မျိုးဆက်ကျောင်းသားများအမည်ခံအဖွဲ့အတု ပေါ်ပေါက်နေ
ခြင်းကို နိုဝင်ဘာလတွင် သွားရောက်စုံစမ်းမည်ဖြစ်ကြောင်း ၈၈မျိုး ဆက်ကျောင်းသားများအဖွဲ့မှ ကိုပြုံးချိုက
 ပြောသည်။
ပြည်တွင်းပြည်ပ၌ ၈၈ မျိုးဆက်ကျောင်းသားများရှိနေသော်လည်း လက်ရှိလုပ်ငန်းများတွင် တာဝန်ခံလုပ်
ဆောင်နေသူများနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်းဖြစ်အောင် ပြောကြားရန် လိုအပ်လာကြောင်း ကိုပြုံးချို
က 7DayNews သို့ပြောသည်။


စက်တင်ဘာလဆန်းပိုင်းတွင် မြိတ်မြို့နယ်၌ ၈၈ မျိုးဆက်ကျောင်းသားအမည်ခံ အဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာ
ပြီး မြိတ်တွင် တည်ဆောက်မည့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ၏ ကောင်းကျိုးများကိုပြောကာ ဒေသ
ခံပြည်သူများကို စည်းရုံးမှု ပြုလုပ်နေကြောင်း မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က သဘောထား
ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “ရည်ရွယ်ချက်လမ်းကြောင်းချင်းကမတူတော့ ဒေသခံတွေယုန်ထင်ကြောင်
ထင်ဖြစ်သွားမှာစိုးတယ်”ဟု မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုတင်ကိုကိုဦးက ပြောသည်။

အဆိုပါ ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံ တည်ဆောက်မည့်ကိစ္စနှင့် ပတ်သတ်၍် သဘာဝပတ်ဝန်း
ကျင်ထိခိုက်မှုဆိုင်ရာ ပညာပေးရေးလုပ်ငန်းများနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေးလုပ်ငန်းများကို မြိတ်ခရိုင်၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဆောင်ရွက်နေကြောင်း ကိုတင်ကိုကိုဦးကဆိုသည်။

မြိတ်ခရိုင် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို အဖွဲ့ဝင် ၈ ဦးဖြင့် ဖွဲ့စည်းထားပြီး၈၈မျိုးဆက်ကျောင်းသား
များ ပွင့်လင်းလူ့အဖွဲ့အစည်း ရန်ကုန်ရုံးနှင့် ဆက်သွယ်မှုရှိကြောင်း ရန်ကုန်ရုံးအဖွဲ့မှူး ကိုဇော်မင်းက ပြော
သည်။

မြိတ်ခရိုင်အတွင်း ၈၈ မျိုးဆက်ကျောင်းသားများအမည်ခံ လူတစ်စုသည် ရန်ကုန်ရှိ ၈၈ မျိုးဆက်ကျောင်း
သားများနှင့် တိုက်ရိုက်ဆက်သွယ်ထားမှု မရှိခြင်းနှင့် ၎င်းလူစု၏ လုပ်ဆောင်နေမှု အရပ်ရပ်အား ပြင်းပြင်း
ထန်ထန်ကန့်ကွက်ကြောင်း မြိတ်ခရိုင် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ စက်တင်ဘာလ ၂၂ ရက်တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

 (7Day News Journal)

No comments:

Post a Comment