Pages

Pages - Menu

Monday, October 15, 2012

မြန်မာပြည်က ရူပါသိဒ္ဓိ လျှပ်စစ်ကား


ILBC က သုတေသန ပြုလုပ်ပြီး ရူပါသိဒ္ဓိ လျှပ်စစ်ကား ကုမ္ပဏီ၏ သုတေသန စမ်းသပ်ယာဉ် လျှပ်စစ်ကား လေးစီး အား ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့သို့ ပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး မုခ်ဦးဆောင် ရှေ့၌ ကျင်းပရာ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ခရိုင်/မြို့ နယ်အုပ်ချုပ်ရေး မှူးများ၊ ILBC နှင့် ရူပါ သိဒ္ဓိ လျှပ်စစ်ကား ထုတ်လုပ်ရေး ကုမ္ပဏီမှ တာဝန် ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သုတေသန စမ်းသပ်ယာဉ် လျှပ်စစ်ကား လေးစီး လှူဒါန်း ရခြင်းနှင့် လျှပ်စစ်ကား ထုတ်လုပ်သည့် ရည်ရွယ်ချက် များကို ILBC မှ မန်နေးဂျင်း ဒါရိုက်တာ ဦးတင်မောင်ဝင်းက ရှင်းလင်း တင်ပြပြီး သုတေသန စမ်းသပ်ယာဉ် လျှပ်စစ်ကား လေးစီးနှင့် ပတ်သက်သော စာရွက်စာတမ်း များအား လွှဲပြောင်း ပေးအပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံ၍ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်သည်။ ထို့နောက် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ကျေးဇူးတင် စကား ပြောကြားသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် သုတေသန စမ်းသပ်ယာဉ် လျှပ်စစ်ကား များ၏ စမ်းသပ် မောင်းနှင်မှု များကို ကြည့်ရှု အားပေးကြသည်။
 
ILBC က သုတေသန ပြုလုပ်ပြီး ရူပါသိဒ္ဓိ ကုမ္ပဏီမှ စမ်းသပ် ထုတ်လုပ်သော လျှပ်စစ် စွမ်းအားသုံး ကားများ၏ ၆၅ ရာခိုင်နှုန်းကို ရူပါသိဒ္ဓိ ကုမ္ပဏီမှ ထုတ်လုပ်ပြီး ၃၅ ရာခိုင်နှုန်းကို ပြည်တွင်း ဈေးကွက်မှ ဝယ်ယူ ရရှိသော ပစ္စည်း များဖြင့် ပေါင်းစပ် တည်ဆောက်ထားခြင်း ဖြစ်သည်။ လျှပ်စစ် စွမ်းအားသုံး ကားတွင်12 V ဘက်ထရီ ခြောက် လုံး တပ်ဆင် အသုံးပြု ထားပြီး လေးနာရီကြာ လျှပ်စစ်ဓာတ်အား သွင်းထားပါက (၁ဝဝ) ကီလိုမီတာ အထိ ဆက်တိုက် မောင်းနှင်နိုင်ပြီး တစ်နာရီလျှင် ၈ဝ ကီလိုမီတာ နှုန်းထိ မောင်းနှင် နိုင်ကြောင်း သတင်း ရရှိသည်။
 
မြ၀တီ

No comments:

Post a Comment