Pages
Pages - Menu
Sunday, October 14, 2012
အာကာသ လွန်းပျံယာဉ် အန်ဒဲဗား ၏ နောက်ဆုံးခရီး စဉ် (သတင်းနှင့် ဓာတ်ပုံများ)
အမေရိကန် အကာသ လွန်းပျံယာဉ် အန်ဒဲဗား(Endeavor) ၏ နောက်ဆုံး ကွန်းခိုရာ ခရီးစဉ် ဖြစ်သည့် ကာလီ
ဖိုးနီးယားအမျိုးသားသိပံပြတိုက်သို့  သယ်ဆောင်မှု ခရီးစဉ်တွင် ယနေ့နံနက်အစောပိုင်းကတည်း က လောဇ်
ဆန်းဂျလိဇ်  မြို့  တွင်း သို့  ဖြတ်၍ သယ်ဆောင် ခဲ့သည်။
ဂျပန် နိုင်ငံ လုပ် Toyota Tundra အမျိုး အစား မော်တော် ကား က ဘီးပေါင်း  ၁၆၀ ပါဝင်သည့်ထရော်လီ တွင် တင်ဆောင် လာသည့် အန်ဒဲဗား ကို တစ်နာ ရီလျှင် နှစ်မိုင် နှုန်း ဖြင့်ဆွဲယူလာရာ လမ်းတစ်လျှောက်တွင် အခြေခံပညာကျောင်းများ နှင့်အဆင့်မြင့် ပညာ ကျောင်းများမှကျောင်းသူ၊ ကျောင်းသူများနှင့် ဒေသခံ ဖျော်
ဖြေ ရေး အဖွဲ့ များက ဂီတ၊ အကများဖင့် ဖျော်ဖကြိုဆိုခဲ့ကြသည်။
အာကာသလွန်းပျံယာဉ်ကြီးအား သောကြာန့  က LA နိုင်ငံ တကာလဆိပ်မှစတငသယ်ဆောင် လာပြီးနာက်
 အဝေးပြေးလမ်းမများ၊ မာတင်လူသာကင်းလမ်းမကြီး ၊ မန်ချက်စတာလမ်းမတို့ကို ဖြတ်သန်းပြီးသယ်ဆောင်
လာခြင်း ဖြစ်သည်။ ပြီး ခဲ့သည့်သတင်းပတ်က ဘိုအင်း ၇၄၇ လေယာဉ် ကြီး ဖြင့် တင်ဆောင်ပြီး LA နိုင်ငံ တ
ကာ လေဆိပ်သို့  ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။
၁၉၉၂ ခုနှစ် မေ လ တွင် စတင် ခဲ့ ပြီး နောက်ဆုံး ပျံ သန်း မှု မှာ မေ လ ၂၀၁၁ ခုနှစ် တွင် ဖြစ်သည်။
ရာ များတွင် ခေတ္တရပ်နားပြီး  ဂုဏ်ပြု မှုကိုခံယူသည်။
အန်ဒဲဗားကို သယ်ဆောင်ရာလမ်းတစ်လျှောက်ရှိ မော်တော်ယာဉ် အချက် ပြ မီးပွိုင့် များကိုခေတ္တ ဖြုတ်ထား
ခြင်း၊ သစ်ပင်များကို ဆိုင် ကြိုး ဖြင့် လွှဲ ထား ခြင်း တို့  အပြင် လုံးဝ မလွတ်ကင်းသည့် သစ် ပင် ၄၀၀ ကို ဖယ်
ရှား ခဲ့ သော် လည်း LA မြို့  ပြ စိမ်းလန်းစိုပြေ ရေး ကောင်စီအရွယ် တူ  နှင့် အခြားသစ်ပင်၁၀၀၀ ကျော် ပြန်
လည် စိုက်ပေး ရန် ကတိပြု ခဲ့ သည်။
အကာသ ခရီးစဉ် အကြိမ် ၁၃၀ ကျော် ထွက်ရှိ ခဲ့ ပြီး ကမ္ဘာ ကို အကြိမ်ပေါင်း ၄၆၀၀ ကျော် ပတ်ခဲ့ ကာဂြိုလ်
တု ပေါင်းများစွာကို နေရာချထားပေးခဲ့သည့် အန်ဒဲဗားအာကာသလွန်းပျံ ယာဉ် သည်သူ၏ နောက်ဆုံးကွန်း
ခိုရာ သို့  သွား သည့် ခရီးစဉ် သည် လောဇ်ဆန်းဂျလိစ် မြို့ တွင်အထင်ရှားဆုံးလူအမြောက်အများပါဝင်သည့်
 ကြိုဆို ဂုဏ်ပြု မှု တစ်ခု ဖြစ်သည် ဟု LA Times သတင်းစာက ရေးသား ဖော်ပြထားသည်။
အန်ဒဲဗား သည် တနင်္ဂနွေ နေ့ နံနက် ၂ နာရီ တွင် သူ၏ နောက်ဆုံးထားရှိရာနရာ ကို ဆိုက်ရောက်မည် ဖြစ်
သည်။
ဓာတ်ပုံ များ မှာ LA TIMES FRAME WORK မှ ဖြစ်ပါသည်။
Freedom News Group Media မှတဆင့်
ကိုလတ်(ပန်ဘဲတန်း)
No comments:
Post a Comment