Pages

Pages - Menu

Wednesday, October 10, 2012

အလွန်ကြီးမားသော ဝေလငါးကြီး တောင်အာဖရိကတွင် ကမ်းတင်သေဆုံး

အလွန်ကြီးမားသော ဝေလငါးကြီး တောင်အာဖရိကတွင် ကမ်းတင်သေဆုံး

တောင်အာဖရိက နိုင်ငံရှိ ကမ်းခြေတစ်ခုတွင်အလွန်ကြီးမားသောဝေလငါးကြီးတစ်ကောင်ကမ်းတင် သေဆုံး
နေသဖြင့် ဖယ်ရှား သယ်ယူမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။Southern Right Whaleအမျိုးအစား ဝေလငါး
ကြီးကို ဘူဒိုဇာ မြေထိုးစက်ကြီးများ၊ ထရပ်ကားများ အသုံးပြုကာ တာဝန်ရှိသူများက ကမ်းခြေမှ သယ်ယူ
သွားရသည်။
ထို့အပြင် (၁၅)မီတာ အရှည်ရှိသော သတ္တဝါကြီး၏ ရုပ်အလောင်း တွေ့ရှိပြီးနောက် ဖယ်ရှားရေး လုပ်ငန်း
များ ဆောင်ရွက်နေချိန်တွင် ကမ်းခြေကိုပါ ခေတ္တ ပိတ်ထားခဲ့ရသည်။ ဝေလငါးကြီး၏ ရုပ်ကြွင်းတွင် ငါးမန်းဖြူ
များ ကိုက်ခဲထားသည့် ပဲ့ရွဲ့ ဒဏ်ရာများ ရှိနေပြီး ကိပ်တောင်း အနီးရှိ မီဇန်ဘာ့ဂ်ကမ်းခြေတွင် တနင်္ဂနွေနေ့
က လာရောက် သောင်တင်နေခဲ့သည်။


ထိုဝေလငါးကြီးသည် ငါးမန်း ကိုက်ခဲမှုများ ခံရချိန်တွင် သေဆုံးနေပြီ၊ သို့မဟုတ် အသက်ရှင်နေဆဲ ဖြစ်သည် ဆိုခြင်းကိုမူ တိတိကျကျ မသိရသေးချေ။ သို့သော်လည်း ကမ်းခြေနှင့် အနီးတွင် ငါးမန်းဖြူများ ရှိနေနိုင်သည်
ဆိုသော သံသယမှာမူ သတိထားသင့်သည့် အခြေအနေ ဖြစ်လာကြောင်း သဘာဝ သားရိုင်း တိရစ္ဆာန်ဆိုင်
ရာ ကျွမ်းကျင်သူ ဝီလ်ဖရက်ဒ် ဆိုလိုမန် ဂျိုဟန်နက်စ်က ပြောကြားခဲ့သည်။

"ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ ရှင်းလင်းရေး လုပ်ငန်းကို မြန်မြန် လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက် ချရပါမယ်။ ကမ်းခြေနားမှာ ငါးမန်းတွေ လှုပ်ရှားနေနိုင်တယ် ဆိုတဲ့ အသိက ဘယ်လိုမှ ခေါင်းအေးအေး ထားနေလို့ မရ
ဘူး"ဟု ၎င်းက ဆိုသည်။


ကျွမ်းကျင်သူများက ဝေလငါးကြီး၏ အသားစ နမူနာများဖြင့် သေဆုံးရသည့် အကြောင်းရင်းကို စုံစမ်း ဖော်
ထုတ်သွားမည်ဟု ဆိုသည်။ ငါးမန်းကိုက်ရာများ ရှိနေသော်လည်း ငါးမန်းတိုက်ခိုက်မှု မတိုင်မီကတည်းက ထိုနို့တိုက် သတ္တဝါကြီး အနေဖြင့် နာမကျန်းဖြစ်ကာ သေဆုံးနှင့်ပြီး အခြေအနေမျိုးလည်း ဖြစ်နိုင်ကြောင်း ပညာရှင်များက ဆိုသည်။

Southern Right Whale အမျိုးအစားဝေလငါးများသည် (၄၇)တန်မျှထိအလေးချိန် ရှိတတ်ကြပြီးအဆီပေါကြွယ်
မှုကြောင့် ငါးကြီးဆီ ထုတ်ယူရန်ဖမ်းဆီးခံရမှုအများဆုံး ဝေလငါး မျိုးနွယ်များလည်း ဖြစ်ကြောင်း သိရှိရသည်။

Source: DailyMail

No comments:

Post a Comment