Pages

Pages - Menu

Saturday, October 20, 2012

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အများပိုင်ဘဏ် ပြောင်းမည်


မြန်မာနိုင်ငံ၏လူဦးရေသုံးပုံနှစ်ပုံဆက်စပ်ပတ်သက်နေသောလယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် နိုင်ငံပိုင် မြန်
မာ့ လယ်ယာဖွံ့ဖြိုးရေး ဘဏ်ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း အဆိုပါ ဘဏ်မှ တာဝန်ရှိသူက အတည်ပြု ပြောကြား သည်။ မြန် မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင် ကော်ပိုရေးရှင်းနှင့် ပူးပေါင်းကာ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ အဆို
ပါ တာဝန်ရှိပုဂ္ဂိုလ်က ဆက်လက်ပြောဆိုသည်။ “အသေးစိတ်တော့ မပြောနိုင်သေးဘူး။ စီစဉ်နေပါတယ်” ဟု ၎င်းက ဆိုသည်။ အဆိုပါ မြန်မာနိုင်ငံ လယ်ယာ
စီးပွားရေး အများပိုင် ကော်ပိုရေးရှင်းသည် စီးပွားရေး လုပ်ကိုင်ခွင့်ရထားသော တစ်ခုတည်းသော ကော်ပို
ရးရှင်းဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်ကာ ယခုပထမဦးဆုံး အနေနှင့်
 နိုင်ငံပိုင်ဘဏ်နှင့် ပူးပေါင်း၍ အများပိုင် ဘဏ်အဖြစ် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။
 
 မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကို ၁၉၅၃ ခုနှစ်တွင် နိုင်ငံတော် စိုက်ပျိုးရေး ဘဏ်အဖြစ် ထူထောင်ခဲ့ပြီး
 တောင်သူများကို လယ်မြေပိုင်ဆိုင်မှုအလိုက် နှစ်စဉ် စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ပေးနေပြီး တောင်သူ
လယ်သမားများကမူ ချေးငွေနှင့်အမှန်တကယ်ကုန်ကျစရိတ်မှာ လောက်မှုမရှိကြောင်း၂၀၁၂ ခုနှစ် အောက်
တိုဘာ ၂၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
ခေတ်လူငယ်

No comments:

Post a Comment