ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization-RSO)
အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အ
ကြမ်းဖက်အဖွဲ့များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူ
ထောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။
ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ျနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်း ၁၆ ခုတို့ ပူးပေါင်း
လိုက်ပြီး မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်မှ Chittagong, Rangamati, Bandarban နှင့် Kaksa
bagasake စသောဒေသများကို စုစည်း၍ Independent Niurosiya နိုင်ငံသစ်ကို ထူထောင်ရန် ကြံရွယ်ကြိုးပမ်း
နေကြကြောင်း စစ်တကောင်းအခြေစိုက် ဘင်္ဂလီသတင်းစာ Dainikpurbokone က ရေးသားဖော်ပြထား
သည်။
ထို့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖမ်းဆီးရမိထားသော လက်နက်ကိုင်စစ်သွေးကြွများအား စစ်ဆေး မေးမြန်း
ရာတွင် အဆိုပါနိုင်ငံသစ်ထူထောင်မည့် နယ်ပယ်ဒေသများတွင် နိုင်ငံခြားစစ်သွေးကြွ အကြမ်းဖက်အဖွဲ့ များ
ကို စုစည်းရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သိရသည်။
ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်သည် ယခုအခါ ဆော်ဒီအာ
ရေဗီးယား၊ ပါကစ္စတန်၊ လစ်ဗျား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် လန်ဒန်တို့သို့ ခရီးထွက်ကာ ရန်ပုံငွေစု
ဆောင်းလျက်ရှိကြောင်း ရေးသားထားသည်။
Popular Myanmar News:

No comments:
Post a Comment