ရန်ကုန်တိုင်း၊
လှိုင်သာယာစက်မှုဇုန်အမှတ် (၄)မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး
(MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ
အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်
ရုံရှေ့ကနေ
လေးမိုင်လောက်အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား
ညွှန်ကြားမှုဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။မြန်မာအလုပ်သမားတွေက လုပ်ခလစာတိုးမြှင့်ပေးဖို့အတွက် တောင်းဆိုတဲ့အခါ ကိုရီးယားအလုပ်ရှင်ဖက်
က အလုပ်ဖြုတ်ပစ်မယ် ဆိုပြီး ခြိမ်းခြောက်လေ့ရှိတယ်လို့ ဆန္ဒပြ အလုပ်သမားကိုယ်စားလှယ် တစ်ဦးက
RFA ကို ပြောပါတယ်။
လှိုင်သာယာ၊ရွှေပြည်သာ စတဲ့စက်မှုဇုန်တွေမှာ စက်ရုံတစ်ရုံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေ ထောင်
လှိုင်သာယာ၊ရွှေပြည်သာ စတဲ့စက်မှုဇုန်တွေမှာ စက်ရုံတစ်ရုံလုံး အတိုင်းအတာနဲ့ အလုပ်သမားတွေ ထောင်
နဲ့ချီ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုတာဟာ အခုပထမဆုံးအကြိမ်ဖြစ်ပါတယ်။
အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ ဆန္ဒပြတာဖြစ်တဲ့ အ
အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာကို ကြိုတင် အကြောင်းကြားထားခြင်း မရှိဘဲ ဆန္ဒပြတာဖြစ်တဲ့ အ
တွက် တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့
ညှိနှိုင်းဖြေရှင်းပြီးရင် အမြန်ဆုံးလူစုခွဲပေးဖို့ လိုအပ်ကြောင်း မရမ်း
ကုန်းမြို့နယ် ဒုရဲမှုး ဦးကျော်ဇင်ဝင်းက ဆန္ဒပြအလုပ်သမားတွေကို
သတိပေးပြောကြားခဲ့ပါတယ်။
ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး အထည်ချုပ်စက်ရုံမှာ အလုပ်သမား(၁၄၀၀)ကျော်ရှိပြီးလုပ်သက် လေး၊ငါ
ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး အထည်ချုပ်စက်ရုံမှာ အလုပ်သမား(၁၄၀၀)ကျော်ရှိပြီးလုပ်သက် လေး၊ငါ
နှစ်အထက်
အလုပ်သမားတွေရဲ့လစာနှုန်းဟာ အချိန်ပိုကြေးနဲ့တခြား ထောက်ပံ့ကြေးတွေ အပါအ၀င်အများ
ဆုံး လေး၊ငါးသောင်းလောက်ဘဲ ရရှိတဲ့အတွက် ငွေကျပ် (၈)သောင်းကျော်အထိ တိုးမြှင့်ပေးဖို့ တောင်းဆိုနေ
ကြတာလို့ သိရပါတယ်။
RFA (Burmese)
No comments:
Post a Comment