Pages

Pages - Menu

Thursday, September 20, 2012

“MEC တန်ဖိုးနည်း စီဒီအမ်အေ 800 ဖုန်းရောင်းချခြင်း ဖြစ်နိုင်ဖွယ်မရှိဟု ဆက်သွယ်ရေး ပြောကြား”

 
ရန်ကုန် စက်တင်ဘာ ၂၀

မြန်မာ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ တန်ဖိုးနည်း CDMA 800 MHz ဖုန်းများ ရောင်းချပေးမည် ဆိုခြင်း အား ဖြစ်နိုင်ဖွယ် မရှိကြော င်းနှင့် ရောင်းချပိုင် ခွင့်မပေးကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်း ထွန်းအောင်က ပြောသည်။``ဆက်သွယ်ရေး ၀န်ဆောင်မှုပေးမည့် operator အဖြစ် ဆောင်ရွက် လိုသော အဖွဲ့အစည်း သည် ၀န်ဆောင်မှု လိုင်စင် ရရှိရေးအတွက် ဦးစီး ဌာနနှင့် ၀န်ကြီး ဌာန တို့တွင် လိုင်စင် လျှောက်ထားခြင်း၊ frequency အသုံးပြုခွင့် လျှောက်ထားခြင်း များ ပြုလုပ်ရပါကြောင်း၊ 
 
လက်ရှိတွင်MEC အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာ အတွက် လိုင်စင်လျှောက်ထားခြင်း မရှိသေး သည့် အတွက် အော်ပရေတာ အဖြစ် မသတ်မှတ်နိုင်သေး ပါေ ကြာင်း ယင်း အတွက် ကြောင့် MEC ကုမ္ပဏီမှ တန်ဖိုးနည်း ဖုန်း များ ရောင်း ချပေးမည် ဆိုခြင်းအား ဖြစ်နိုင်ဖွယ် မရှိကြောင်း ပြောသည်။ 

လက်ရှိ တွင် မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC) ကုမ္ပဏီမှ လာမည့်လ၌ ကျပ် တစ်သိန်းသုံးသောင်း
တန် CDMA 800 MHz ဖုန်းများ ရောင်းချပေး မည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း ဖုန်းဈေးကွက်မှ သိ
ရသည်။




ပေါ်ပြူလာဂျာနယ်

No comments:

Post a Comment