Pages

Pages - Menu

Monday, September 10, 2012

Flower News အယ်ဒီတာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်က တရားစွဲဆိုမှုအား ခရိုင်မှ ထပ်မံပလပ်


သတင်းရေးသားဖော်ပြရာတွင် ဂုဏ်သိက္ခာကျဆင်းစေသည့် ရေးသားချက်များအား ထည့်သွင်း ဖော်ပြ
ပေးထားသည်ဟုဆိုကာ ပုသိမ်မြို့ရှိ လက်ဘက်ရည်ဆိုင်ပိုင်ရှင်တစ်ဦးမှ Flower News အယ်ဒီတာဦး
ကျော်စွာမင်းအား တရားစွဲဆိုထားမှုကို ပုသိမ်ခရိုင်တရားလွှတ်တော်မှ ထပ်မံ ပလပ်ခဲ့ကြောင်း သိရှိရသည်။

 “အမှုကို ပထမဆုံးမြို့နယ်တရားရုံးသို့တင်ထားစဉ်ကလည်း မြို့နယ်က ပလပ်ခဲ့တာပါ၊ အဲ့ဒါကို မကျေနပ်
လို့ခရိုင်ကို ဆက်တင်တာ ဒါပေမဲ့ မှန်ကန်တဲ့ သတင်းပေးချက်ဖြစ်နေတော့ ဂုဏ်သိက္ခာ ကျဆင်းတယ်လို့ ဆိုလို့မရဘူး ဒါကြောင့် ခရိုင်ကလည်း ထပ်ပြီးပလပ်ခဲ့တာပါ ဟု ပုသိမ်ခရိုင် တရားလွှတ်တော်တရားသူ
ကြီးတစ်ဦးက ပြောသည်။
 
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက ဖြစ်ပွားခဲ့သော(၁၂)နှစ်အရွယ်မိန်းကလေးတစ်ဦးအား အစ်ကိုဝမ်း
ကွဲတော်စပ်သူမှ မဖွယ်မရာကြံစည်ခဲ့မှုအား ဖော်ထုတ်ရေးသားရာတွင် မိန်းကလေး ဖြစ်သူ၏ ရဲစခန်းတွင် ထွက်ဆိုသော ကနဦး ထွက်ဆိုချက်ပါ ဦးလေးဖြစ်သူ ဦးဇော်ဝင်းထံသို့ သွားရောက်စဉ်က ၄င်း၏နာမည်
ကိုဖော်ပြခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲဆိုခံခဲ့ရခြင်း ဖြစ်သည်။
 
သတင်းသမားဖြစ်လာပြီဆိုကတည်းက ကျင့်ဝတ်ဆိုတာ ခါးဝတ်ပုဆိုးလို မြဲပြီးပါလာပြီးသားပါ၊ ဒီသတင်း
ကို ရေးတယ်ဆိုတာကလည်း ဒီခေတ်ထဲမှာ အဲ့ဒီအရွယတွေရဲ့ ခန္တာကိုယ်ဖွံ့ဖြိုးမှုအရ ပြစ်မှု ကျူးလွန်သူ
တွေရဲ့ ပစ်မှတ်ဖြစ်လာတာကြောင့် သူတို့ကိုယ်တိုင်ရယ် မိဘညီအစ်ကို မောင်နှမတွေ ကပါ၊ ဝိုင်းဝန်းထိန်း
သိမ်းစောင့်ရှောက်ရမယ့် အသိတရားတွေရအောင် စတုတ္ထမဏ္ဍိုင်မီဒီယာသမား တစ်ဦးအနေနဲ့ ကိုယ့်
တာဝန်ကိုယ်ကျေပွန်အောင် ထမ်းဆောင်တဲ့သဘောပါဟု ထိုသတင်း အား ဖော်ထုတ်ရေးသားခဲ့သူ ရန်ကုန်မီဒီယာဂရု(ပ်)မှ နယ်သတင်းထောက် ဦးစိုးညွှန့် (စိုးစိုးပုသိမ်)က ပြောသည်။
 
ပုသိမ်ခရိုင်တရားရုံးကအမိန့်ချမှတ်ရာတွင်လည်းယခုအခါတွင်အရွယ်မရောက်သေးသူမိန်းကလေးများကိုမုဒိမ်းမှုကျူးလွန်ခြင်း များသည်မြန်မာနိုင်ငံနေရာအနှံ့အပြားတွင့်ဖြစ်ပေါ်နေကြောင်း၊အချို့ဖြစ်ရပ်များမှာကိုယ့်သွေးသားရင်းအုပ်ထိန်းသူက ပင်ပြန်လည်ကျူးလွန်သောဆိုးဆိုးရွားရွားဖြစ်ရပ်များအားနေရာအနှံ့၌ဖြစ်ပွားနေကြောင်း၊သတင်းဂျာနယ်များ ယခုကဲ့သို့ပညာပေးဖော်ပြချက်များကိုဖတ်ရှုပြီးမှသတိထားရှောင်ရှား နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိ
သည်။
 
ပြည်သူတွေကလူ့အဖွဲ့အစည်းအတွင်းမှာမီဒီယာကဏ္ဍရဲ့တာဝန်ယူထားရတဲ့အပိုင်းကို ကျယ်ကျယ်ပြန့်ပြန့် နားလည်ဖို့ လိုပါတယ်၊ အားလုံးက အခုတော့ ပုံသွင်းခံထားရတဲ့ အတိုင်းပဲ၊ မီဒီယာကိုပဲ တစ်ဆိတ်ရှိ မဲဖို့ လုပ်နေတာ၊ ဒီအမြင်တွေကို ပြုပြင်သွားဖို့ အားလုံးမှာ တာဝန်ရှိတယ်ဟု အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ Eleven Media Group မှ နယ်သတင်းထောက် ကိုသက်မွန်အေး(သက်ဆွေ-ပုသိမ်) က ပြောသည်။
 
ယခုအချိန်အထိမီဒီယာအပေါ်အမြင်စောင်းနေသောအချို့ဒေသခံများနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းအချို့
ကိုမေးမြန်းရန်ခက်ခဲချိန်တွင်နယ်သတင်းများ၏ရပ်တည်မှုကိုမစာနာသော အချို့မီဒီယာလုပ်ငန်းရှင်များနှင့် လက်တွဲလုပ်ကိုင်နေရခြင်းမှာ မိသားစုရပ်တည်မှုအတွက်ပါအခက်အခဲဖြစ်ပေါ်နေချိန်ယခုကဲ့သို့တရားစွဲ
ဆိုမှုကြောင့်နယ်သတင်းထောက်များရှားပါးလာနိုင်ကြောင်း နယ်သတင်းထောက်များက သုံးသပ် ကြသည်။


မြစ်မခသတင်း
 

No comments:

Post a Comment