Pages

Pages - Menu

Tuesday, September 4, 2012

တွားသွားသတ္တဝါများကို ပိုင်နိုင်သည့် အသက် ၂ နှစ်သား ကလေးငယ်

တွားသွားသတ္တဝါများကို ပိုင်နိုင်သည့် အသက် ၂ နှစ်သား ကလေးငယ်

အသက်(၂)နှစ်သာ ရှိသေးသော ချာလီပါကားသည် လူတိုင်း ကြောက်ရွံ့ရသည့် တွားသွား သတ္တဝါများနှင့်အ
လွန်အကျွမ်းတဝင် ရှိသူဖြစ်သည်။ အကြောက်အရွံ့ ကင်းသော ကလေးငယ်သည် အရှည်(၂.၅)မီတာရှည်
လျားသောစပါးကြီးမြွေ ပက်ဘလိုကို အိမ်မွေးတိရစ္ဆာန်သဖွယ် ရင်းရင်းနှီးနှီး ထိတွေ့ကိုင်တွယ်လေ့ ရှိသည်။ 


ထို့အပြင် မိကျောင်းလေး ဂျူနီယာသည်လည်း ၎င်း၏ ကစားဖော် မိတ်ဆွေလေးအဖြစ် ရှိနေသည်။

ချာလီ၏ ဖခင်ဖြစ်သူမှာ ဗစ်တိုးရီးယားရှိ Ballarrat သဘာဝ သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး ဥယျာဉ်ကို ပိုင်ဆိုင်သူ ဖြစ်သည်။ ဖခင်ဖြစ်သူ ဂရက်ပါကားက "ကျွန်တော့်သားရဲ့ တိရစ္ဆာန်တွေနဲ့ ရင်းနှီးခင်မင်တဲ့သ

ဘာဝ စွမ်းရည်ထူးကို ကျွန်တော်တို့ ခုထိ အံ့ဩနေတုန်းပဲ။

သူက ဘယ်တိရစ္ဆာန်ကိုမှ မကြောက်ဘူး။ သူက တိရစ္ဆာန်တွေကို ထိန်းကျောင်းနိုင်ရုံတင် မကဘူး။ သူတို့အ
ကြောင်းလည်း အလိုလို ဗဟုသုတ ရှိနေတယ်။ သူက မြွေတွေနဲ့ ပုတ်သင်အနွယ်တွေကို သဘောကျတယ်။

ဒါဟာ မျိုးဗီဇ တစ်ခုခုနဲ့ ဆိုင်မလားတော့ မသိဘူး"ဟု ဖွင့်ဟ ပြောဆိုသွားသည်။


Planet Myanmar Media:

No comments:

Post a Comment