မိုးသီးဇွန်နှင့်
ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင် ၉ ဦးတို့ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၅
ရက်နေ့ထိ ဆက်လက်နေထိုင်မည်ဖြစ်ကြောင်း မိုးသီးဇွန် က ပြောသည်။
မြန်မာနိုင်ငံသို့
စက်တင်ဘာလ ၁ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ၂၈
ရက်နေထိုင်ခွင့်ရရှိခဲ့ကြောင်းနှင့် ၁ပါတ် ထပ်မံနေထိုင်နိုင်ရန် အတွက်
သက်ဆိုင်ရာဝန်ကြီးများသို့တောင်းဆိုထားကြောင်း သိရသည်။
''ကျနော်တို့ ဗီဇာအိပ်ချိန်းလုပ်ထားတယ်။ နောက်ထပ် ၁ ပါတ်ထက်နေပြီးရင်တော့ ပြန်မှာပါ။ နေရဖို့တော့များတယ်"ဟု မိုးသီးဇွန်က ပြောသည်။
အဆိုပါ
နေထိုင်မည့်တစ်ပါတ်အတွင်းတွင် ကရင်ပြည်နယ်နှင့် အခြားဒေသများသို့
သွားရောက်မည်ဖြစ်ကြောင်းကို ၎င်း၏ လုံခြုံရေးအရာရှိ ကိုရဲလင်းက
''ရဖို့များတယ်။ ကိုမိုးသီးတို့က အပေါ်ကလူကြီးတွေနဲ့ဘဲ ဗီဇာအိတ်ချိန်း
လုပ်လို့ရတယ်''ဟု ပြောသည်။
အဆိုပါ
ဗီဇာအိပ်ချိမ်းလုပ်ဆောင်မှုတွင် မိုးသီးဇွန်တို့၏
ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဦးကိုကိုအောင်သည် ၁
ပါတ်ထပ်မံနေထိုင် ခွင့် ပြုလုပ်၍ရရှိကြောင်း သိရသည်။
မင်းခဏ့်
From-TransparencyMyanmarblog
No comments:
Post a Comment