စက်တင်ဘာ(၂၃)
ပေါင်းတည်မြို့တွင် (၁၁၅) နှစ်ပြည့်
ဗုဒ္ဓမြတ်စွယ်တော်လှည့် လည်အပူဇော်ခံပွဲတော်ကြီးကို စက်တင်ဘာ (၂၇)ရက်နေ့မှ
အောက်တိုဘာ(၁)ရက် (တော် သလင်းလဆန်း၊(၁၂)ရက်မှ လ ပြည့်ကျော်(၁) ရက်နေ့ အထိ
ရှေး မူမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ပွဲတော်စတင်ကျင်းပသည့်တော်သလင်းလဆန်း(၁၂)ရက်ညနေ(၅)နာရီတိတိအချိန်တွင်ဗုဒ္ဓမြတ်စွယ်တော် ရတနာစိန်ကြုတ်ကိုနှစ်ပတ်လည်စံမြန်းရာရွှေဂန္ဓကုဋိတိုက်အတွင်းရှိရွှေပလ္လင်ထက် မှ ရွှေကျောင်းဆောင်
ပေါ်သို့ပင့်ဆောင်အပူဇော်ခံမည်ဖြစ်သည်တော်သလင်းလဆန်း(၁၃)ရက်နေ့လည်(၁)နာရီတိတိ
အချိန်တွင်
မြို့ပေါ်ရပ်ကွက်အသီးသီးသို့ ဗုဒ္ဓ မြတ်စွယ်တော်ကို ဆင်ရတ
နာဖြင့် ပင့်ဆောင်ပြီး ဒဂုံဆင်ရတနာ တစ်စီး ခြံရံလျက်ဒေ၀ါဝင်းရာဇာဝင်း၊၀င်းခင်းအခမ်းအနားတို့ဖြင့်ရှေးအစဉ်အလာတိုင်းလှည့်လည်အပူဇော်ခံမည်ဖြစ်
သည်။
မြတ်စွယ်တော်လှည့်လည်အပူဇော်ခံစဉ်ဇာတ်-နိပါတ်-ယိမ်းအကတို့ဖြင့်
လိုက်ပါပူဇော်မည်ဖြစ်သည်။တော်
သလင်းလဆန်း(၁၄)ရက်နံနက်(၈)နာရီတိတိအချိန်တွင်မြတ်စွယ်တော်ရတနာကိုစိန်ကြုတ်တော်မှဖွင့်လှစ်၍
ပကတိအတိုင်းအပူဇော် ခံ မည်ဖြစ်သည်။
တော်သလင်းလဆန်း(၁၅)ရက်ည(၁၀)နာရီတိတိအချိန် တွင် မြတ်စွယ်
တော်ရတနာစိန်ကြုတ်ကိုပိတ်၍နှစ်
ပတ်လည်စံမြန်းရာ ဂန္ဓကုဋိ တိုက် သို့ပြန်လည်
ပင့်ဆောင် ပြီး မြတ်စွယ်တော်ပွဲတော်ကြီး အောင် မြင်စွာ
ကျင်းပပြီးစီးကြောင်း ကြေ ညာမည်ဖြစ်သည်။
ပွဲတော်ကျင်းပသည့်ရက်များအတွင်းဘုရားဖူးပရိသတ်များကိုဇာတ်ပွဲ(၃)ပွဲဖြင့်အခမဲ့မိုးအလင်း ဧည့်ခံဖျော်
ဖြေမည်ဖြစ်သည်။နှစ်စဉ်ဆိုင်ခန်းပေါင်း(၁၀၀၀)ကျော်ဖြင့်(၁၂)ပွဲဈေးသည်တို့လာရောက်ရောင်းချကြရာ
ရောင်းအားဝယ်အားကောင်းသောပွဲတော်ကြီးဖြစ်ပြီးရပ်ရွာအေးချမ်းသာယာသဖြင့်ယခင်နှစ်များကဲ့သို့စည် ကားမည့် ပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။
Myanmar Express
No comments:
Post a Comment